Key Points
- Bullying can involve one or more people, and depending on the situation what is perceived as ‘harmless’ school-age teasing can also amount to bullying.
- Schools have processes in place for bullying prevention and response.
- Cyberbullying is reportable in Australia.
Bullying ဆိုတဲ့ ကြီးနိုင်ငယ်ညင်းမှု ပြုခြင်း အနိုင်ကျင့်ခြင်းတွေဟာ ပုံစံအမျိုးမျိုးနဲ့ လာပြီး နစ်နာမှုအတိုင်းအတာတွေလည်း မတူညီကြပါဘူး။ အယ်လို အခြေအနေပဲ ဖြစ်ဖြစ် အနိုင်ကျင့်မှုတွေကို ပေါ့ပေါ့သေးသေး မထားသင့်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
Dr Deborah Green ဟာ South Australia တက္ကသိုလ်က အနာဂတ် ပညာရေးဆိုင်ရာဌာနက အကြီးအကဲ ဖြစ်ပြီး အနိုင်ကျင့် ခံရတာနဲ့ ပတ်သက်ပြီး ရေရှည် စိတ်ဒဏ်ရာ သက်ရောက်မှုရှိနိုင်တဲ့အကြောင်းနဲ့ ဒီလို လုပ်ရပ်ဟာ ခံရသူအပေါ်သာ သက်ရောက်မှု ရှိတာမဟုတ်ပဲ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအပေါ် ဆိုးကျိုး သက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။
ဩစတြေးလျနိုင်ငံမှာ ၄ တန်းကနေ ၉ တန်း အရွယ် ကျောင်းသူ ကျောင်းသား ၄ ယောက်ထဲမှာ တစ်ယောက်နှုန်းက သတင်းပတ်အနည်းငယ်မှာ တစ်ခါ အနိုင်ကျင့်ခံရတယ်လို့ ဖော်ပြထားပြီး တချို့လူတွေက ဒီထက်မက ခံရတယ်လို့ ပြောပါတယ်။ Bullying ကြောင့် ဩစတြေးလျ လူမှုအသိုင်းအဝိုင်းမှာ ဒေါ်လာ ၂.၃ သန်း ကုန်ကျနေတယ်လို့ သိရပြီး ကျောင်းနေအရွယ်ကနေ ကျောင်းပြီးလို့ နှစ် ၂၀ အထိ ဖြစ်တာပါ။ အရေးကြီးတာက အဲဒီလို အနိုင်ကျင့်ခံရမှုတွေဟာ ကျောင်းနေစဥ်မှာပဲ လူတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်သလို သူတို့ရဲ့ ဘဝ အရည်အသွေး၊ အထွေထွေ ကျန်းမာပျော်ရွှင်မှုကို ထိခိုက်စေတာ မဟုတ်ပဲ သူတို့ ကျောင်းပြီးသွားပြီး နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အထိ သက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။
ဘယ်လို အရာတွေကို bullying အပြုအမှုလို့ သတ်မှတ်ပြီး ဘယ်လို အရာတွေကို ထိခိုက်နစ်နာမှု မရှိတဲ့ စနောက်ခြင်းလို့ သတ်မှတ်ပါသလဲ။
ဒေါက်တာ Green ရဲ့ အဆိုအရ ဩစတြေးလျနိုင်ငံရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ bullying ဆိုတာ “မိမိရဲ့ လူမှုရေး အနေအထားကို အသုံးချပြီး တဖက်သားကို နစ်နာလိုစိတ်နဲ့ အကြိမ်ကြိမ် အခါခါ နှုတ်အားဖြင့်၊ ကိုယ်ထိလက်ရောက်အဖြစ် သို့မဟုတ် လူမှုရေးအမှုအကျင့်အားဖြင့် ထိခိုက်အောင် လုပ်ဆောင်ခြင်းလို့ ဖော်ပြထားပါတယ်။ တစ်ဦးတစ်ယောက်တည်းကနေ မိမိရဲ့ အနေအထားကို အလွဲသုံးတာ ဒါမှမဟုတ် လူအုပ်စု တစ်စုကနေ တခြားလူတစ်ဦး ဒါမှမဟုတ် တခြားလူအုပ်စုအပေါ် အနိုင်ကျင့် တာမျိုးကို bullying လို့ ခေါ်ပါတယ်။”
အဓိက အားဖြင့်တော့ တဖက်လူကို နစ်နာလိုစိတ်ရှိပြီး မညီမျှတဲ့ ပါဝါအနေအထားကို အသုံးချပြီး ထပ်ခါ ထပ်ခါ ပြုမှုပြောဆိုခြင်းမျိုး ဖြစ်ပါတယ်။ ကလေးတွေအကြား တစ်ဦးနဲ့တစ်ဦး ရန်စ နောက်ပြောင်တာမျိုးလည်း ရှိပြီး တမင် အနိုင်ကျင့်ခြင်းနဲ့ စနောက်ခြင်းအကြားမှာလည်း သဲသဲကွဲကွဲ မဖြစ်တာတွေရှိတယ်လို့ ပြောပါတယ်။
အဲဒီလို အပြုအမှုတွေကနေ တဖက်လူ နာကျင်ရပြီး အဲဒီလို အဖြစ်မျိုးကို ဆက်ဆက် ခံစားရရင် အဲဒါက ဘောင်ကျော်သလို ဖြစ်သွားပြီး bullying အဆင့် ဖြစ်သွားနိုင်ပါတယ်။ ဩစတြေးလျနိုင်ငံက ကလေးငယ်တွေကို bullying နဲ့ စနောက်ခြင်းအကြောင်း မေးတဲ့အခါမှာ နာကျင်စေတဲ့ စနောက်မှုတွေက ကြုံရမှု အများဆုံးသော bullying အမူအကျင့် ဖြစ်တယ်လို့ ဖော်ပြထားပြီး ဒုတိယအနေနဲ့ သူတို့အကြောင်း မဟုတ်တာကို လိုက်ပြောတာက ဒုတိယ နာကျင်စရာ ဖြစ်တယ်လို့ ဖြေဆိုကြပါတယ်။

Dr Green ဟာ Dr Carmel Taddeo နဲ့အတူ Bullying No Way ဆိုတဲ့ နာမည်နဲ့ သုတေသနတစ်ခု ပြုလုပ်ပြီး စာသင်ကျောင်းတွေမှာ အနိုင်ကျင့်တာမျိုးကို ကာကွယ်နိုင်ဖို့ ဘယ်လို လုပ်သင့်သလဲ ဆိုတဲ့အကြောင်း စာသင်ကျောင်း အသိုင်းအဝိုင်းတွေကို ကူညီပံ့ပိုးတာဖြစ်ပြီး သူတို့ အဖွဲ့ကို အစိုးရက ထောက်ပံ့ထားတာလည်း ဖြစ်ပါတယ်။
Dr Taddeo ရဲ့ ရှင်းပြချက်အရ စာသင်ကျောင်းတွေမှာ မတူညီတဲ့ ပေါ်လစီတွေ ရှိကြပေမယ့် စာသင်ကျောင်းတိုင်းက bullying ကို ကာကွယ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ကြပြီး အဲဒီအထဲမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ၊ မသန်စွမ်းမှု၊ အသားအရောင်နဲ့ ဘာသာရေး အယူအဆ ကွဲပြားမှုဆိုင်ရာ အနိုင်ကျင့်မှုတွေ မရှိအောင် ကာကွယ်ဖို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
စာသင်ကျောင်းတွေမှာ bullying ဖြစ်တဲ့အခါ တိုင်တန်းနိုင်ဖို့ အစီအစဥ်နဲ့ ထိခိုက်နစ်နာရတဲ့ ကျောင်းသူ ကျောင်းသားတွေကို ပံ့ပိုးနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်.
အထွေထွေအားဖြင့်တော့ အနိုင်ကျင့်မှု ဖြစ်ပွားတဲ့အကြောင်း တိုင်တန်းမှုရှိပြီဆိုရင် အချက်အလက်တွေကို ရယူ မှတ်တမ်းတင်ပြီး အဲဒါကို အကောင်းဆုံးနည်းနဲ့ ဘယ်လို ဖြန်ဖြေဖြေရှင်းကြမလဲ၊ ကျောင်းသားတွေရဲ့ လုံခြုံဘေးကင်းရေးရှိဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာတွေကို လုပ်ဆောင်ကြပါတယ်။ တချို့ ကိစ္စတွေမှာတော့ ကျောင်းသူ ကျောင်းသားတွေကို တခြား ပံ့ပိုးမှုတွေ ဝန်ဆောင်မှုတွေ ရယူဖို့ ညွန်းလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံးကို ကျောင်းသားနဲ့ သူတို့ရဲ့ မိဘနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ စာသင်ကျောင်းရဲ့ ကိုင်တွယ်ဖြေရှင်းနည်းကို မိဘအုပ်ထိန်းသူဖက်က မကျေနပ်ရင် ပညာရေးဌာနကို ဆက်သွယ်ပြီး တိုင်တန်းမှု လုပ်နိုင်တယ်လို့ ပြောပါတယ်။
သား သမီးတွေက သူတို့ အနိုင်ကျင့်ခံရတဲ့အကြောင်း ဖွင့်ပြောလာတဲ့အခါမှာ မိဘ အုပ်ထိန်းသူတွေအနေနဲ့ ခံစားမှု ပေါင်းစုံ ခံစားရနိုင်တယ်လို့ Dr Taddeo က ပြောပါတယ်။ အဲဒီလို အခြေအနေအတွင်း စိတ်ငြိမ်ငြိမ်ထားပြီး ကလေးကို သူတို့ ပံ့ပိုးကူညီမယ့်အကြောင်း သိအောင် လုပ်ဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။
မိဘ အုပ်ထိန်းသူတွေအနေနဲ့ ကလေးရဲ့ ဆရာ သို့မဟုတ် school councillor လို တခြား သင့်တော်ရာ အမှုထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ချိန်းဆိုနိုင်ပါတယ်။ ကျောင်းက အမှုထမ်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မိမိဖက်က ရေးချထားတဲ့ note တွေကို ပြင်ဆင်ယူသွားဖို့ အရေးကြီးပြီး ဘာဖြစ်ခဲ့သလဲ ဆိုတာကို ရှင်းပြပြီး ရှေ့ဆက် ဘယ်လို လုပ်ဆောင်မလဲ ဘယ်လောက်ကြာမလဲ စသည်ဖြင့် မေးမြန်းနိုင်ပါတယ်။ ပြီးတော့ တခြား လူတွေ မသိအောင် ဘယ်လို လုပ်သလဲ၊ ကလေးဖက်က လိုအပ်ရင် ဘယ်လို ပံ့ပိုးကူညီမလဲ စတာတွေကိုလည်း မေးနိုင်ပါတယ်။ ပြီးတော့ ကျောင်းအမှုထမ်းနဲ့ တွေ့ဆုံတဲ့အခါတိုင်း တွေ့ဆုံမှုရဲ့ မှတ်တမ်း note တွေကို ရေးထားသင့်ပြီး သူတို့နဲ့ အခြေအနေ ဘယ်လို ရှိသလဲ ဆိုတာကို မေးနိုင်သလို ကိုယ့်ဖက်က တိုးတက်မှုတွေ ရှိရင်လည်း သူတို့ကို အကြောင်းကြားတာမျိုး လုပ်နိုင်တယ်လို့ ပြောပါတယ်။

Paul Clark ဟာ eSafety Commissioner ရဲ့ Education, Prevention and Inclusion Executive Manager ဖြစ်ပြီး သူတို့ အေဂျင်စီက အွန်လိုင်းမှာ အနိုင်ကျင့် ခံရတဲ့ လူတွေကို အကူအညီပေးတာ ဖြစ်ပါတယ်။
ကလေးငယ် တစ်ဦးဦးက ဆိုင်ဘာ bullying လုပ်ခံရရင် screenshot ရိုက်ထားပြီး URL ကိုလည်း မှတ်တမ်းယူထားပါ ပြီးရင် ကလေးကို သူတို့ရဲ့ အကောင့်ကို ဘလော့ခ် လုပ်နိုင်ပါတယ်။ ပြီးရင် အသုံးပြုတဲ့ ပလက်ဖောင်းကို တိုက်တန်းမှုလုပ်နိုင်ပါတယ်။ အဲဒီ ပလက်ဖောင်းက ဘာမှ လုပ်မပေးရင် esafety.gov.au ကို ဆက်သွယ်ပြီး တိုင်တန်းနိုင်ပါတယ်။ ကျနော်တို့မှာ တဖက်သားကို နစ်နာစေတဲ့ အရေးအသားတွေ ပုံတွေကို ဖယ်ရှားပေးဖို့ ပြောနိုင်တဲ့ အာဏာရှိတယ်လို့ ပြောပါတယ်။
Cyberbullying လို့ ဆိုရာမှာ နစ်နာစရာ အရေးအသားတွေအပြင် မိမိလို ဟန်ဆောင်ပြီး အကောင့်အတု လုပ်တာတွေ၊ ဒါမှမဟုတ် ခြိမ်းခြောက် ပြောဆိုတာတွေအပြင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အရာတွေ ဒါမှမဟုတ် ဉာဏ်ရည်တု အေအိုင်ကို အသုံးပြုပြီး တဖက်လူ နစ်နာအောင် လုပ်ဆောင်တာမျိုးတွေကို cyberbullying လို့ သတ်မှတ်ပါတယ်။
တိုင်တန်းမှု လက်ခံရရှိတဲ့အခါမှာ eSafety စုံစမ်းသူတွေကနေ ဘယ်လို အနေအထားမှာ ဘယ်လို ရေးသားသလဲ စတာတွေကို လေ့လာဆန်းစစ်ပြီး bullying ဟုတ်မဟုတ် ဆုံးဖြတ်ပေးတယ်လို့ ပြောပါတယ်။
ဥပမာအနေနဲ့ ပြောပြရမယ်ဆိုရင် ကျနော်တို့ဆီ တိုင်တန်းမှု လုပ်တဲ့ မိဘနှစ်ပါးကို ကျနော်တို့ ကူညီခဲ့ဖူးပါတယ်။ သူတို့သားငယ်ရဲ့ ဘတ်စ်ကား ချစ်မြတ်နိုးမှုကို ပို့စ်တစ်ခုထက်မနည်းမှာ ပျက်ရယ်ပြုကြတာဖြစ်ပြီး နာမည်မဖော်ပဲ ပျက်ရယ်ပြုကြတာမျိုးလည်း လုပ်ခံရပါတယ်။ ကြည့်လိုက်ရင် အဲဒီလို အပြုအမူက ဘာမှမဟုတ်လောက်ဘူးလို့ ထင်ရပေမယ့် အနေအထား ဆိုတာက အရေးပါလာပါတယ်။ အဲဒီ ကောင်လေးဟာ မသန်စွမ်းသူဖြစ်ပြီး အွန်လိုင်းပေါ်မှာ အနိုင်ကျင့်မှု ခံရသူဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ စုံစမ်းရေး သမားတွေက ဒီလို ပျက်ရည်ပြုမှုဟာ အနိုင်ကျင့်မှု မြောက်တယ်လို့ ဆုံးဖြတ်ပြီး အဲဒီလို အရေးအသားတွေကို ဖျက်ခိုင်းလိုက်တယ်လို့ ရှင်းပြခဲ့ပါတယ်။
Cyberbullying ဖြစ်တဲ့အခါပဲ ဖြစ်ဖြစ် cyberbullying ဖြစ်တယ်လို့ သံသယ ဖြစ်တဲ့အခါပဲ ဖြစ်ဖြစ် မိဘတွေအနေနဲ့ ကလေးတွေရဲ့ ဖုန်းတွေ ကွန်ပြူတာတွေကို သိမ်းလိုက်တာမျိုး မလုပ်ဖို့ အရေးကြီးတယ်လို့ Mr Clark က ပြောပါတယ်။
မိမိရဲ့ ကလေးကို ဘေးရန်ကနေ ကာကွယ်ချင်တဲ့ စိတ်ကြောင့် ကလေးရဲ့ ကွန်ပြူတာ ဖုန်းတွေကို သိမ်းလိုက်တာက သဘာဝအလျောက် ဖြစ်ပေါ်လာနိုင်တဲ့ အတွေးမျိုးဖြစ်ပါတယ် ဒါပေမဲ့ အဲဒီလို အပြုအမူတွေက ကလေးကို နောက်နောင်ကြရင် အကူအညီ မတောင်းရဲတော့အောင် လုပ်သလိုဖြစ်ပြီး မိဘကို ပြောပြတာက ဖုန်းတွေ ကွန်ပြူတာတွေ အသိမ်းခံရတယ် ဆိုတဲ့ အသိမျိုး ဝင်သွားစေနိုင်ပါတယ်။ အဲဒီတော့ မိဘတွေအနေနဲ့ ဒီလို အနေအထားမျိုးမှာ ကလေးနဲ့ အတူရှိတဲ့အကြောင်းနဲ့ သူတို့ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုမျိုး လုပ်ဖို့ လိုအပ်တယ်လို့ ရှင်းပြထားပါတယ်။

Jamie Kendall ဟာ Kids Helpline က counsellor တစ်ဦးဖြစ်ပြီး သူတို့ရဲ့ ဝန်ဆောင်မှုကို အသက် ၅ နှစ်နဲ့ အထက်ရှိတဲ့ လူငယ်တိုင်း ၂၄ နာရီ ၇ ရက် ပတ်လုံး အကူအညီ ရယူနိုင်တယ်လို့ ပြောပါတယ်။
အနိုင်ကျင့်မှုတွေကို တုန့်ပြန်နိုင်တဲ့ နည်းလမ်းတွေထဲမှာ အဲလို ဖြစ်ရပ်ကနေ ထွက်ခွာသွားလိုက်တာတွေ ဒါမှမဟုတ် ရီစရာနဲ့ ပြဿနာ ဖြေလျှော့လိုက်တာမျိုး ဒါမှမဟုတ် အနိုင်ကျင့်တဲ့လူကို လစ်လျူရှုလိုက်တာမျိုး လုပ်နိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီလို လုပ်ရပ်ဟာ ရေတို ဖြေရှင်းချက်တွေဖြစ်ပြီး အဲဒီလို အနိုင်ကျင့်မှုကို ဆက်လက် ခံစားရရင် သူတို့ရဲ့ ခံစားချက်ကို အဆိုးဖက်သက်ရောက်မှု ဖြစ်နေရင် ကလေးတွေကို လူကြီးတွေရဲ့ ပံ့ပိုးကူညီမှု ရယူဖို့ အကြံပြုနိုင်တယ်လို့ Mr Kendall က ပြောပါတယ်။

လူကြီးတွေကို ချည်းကပ်မယ့်အစား ပြဿနာကို ကိုယ့်ဖာသာ ဖြေရှင်းဖို့ ကြိုးစားတာက သာမာန်လုပ်ရပ်ဖြစ်ပါတယ်၊ တခါတလေ ဘယ်အချိန်မှာ လူကြီးတွေရဲ့ အကူအညီပါ လိုအပ်နေပြီ ဆိုတာကို မသိကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဖြစ်ခါစကတည်းက တစ်ယောက်ယောက်ကို ပြောပြပြီး အကူအညီ ရယူတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ့်အိမ်က လူကြီး တစ်ဦးဦး ဒါမှမဟုတ် ကိုယ်ယုံကြည်တဲ့ လူကြီး တစ်ဦးဦးကို ပြောပြပြီး လောလောဆယ်မှာတော့ အိုခေ နေသေးတဲ့အကြောင်း ဒီအတိုင်း အခက်အခဲ ကြုံရရင် အကူအညီရယူကောင်း ရယူမယ့်အကြောင်း ပြောဆိုနိုင်တယ်လို့လည်း ပြောပါတယ်။
လူကြီးတွေဖက်က ပထမဆုံး လုပ်ရမှာက ကလေးကို ဘာဖြစ်သလဲ ဆိုတာကို ပြောခွင့်ပေးဖို့ဖြစ်ပြီး အဲဒီလို လုပ်တာက ရှေ့ဆက်ဘယ်လို လုပ်သွားမလဲ ဆိုတာကို သိနားလည်စေနိုင်တယ်လို့ ပြောပါတယ်။

ကိုယ်က လူငယ်ကို ဘာဖြစ်နေသလဲ မေးပြီး တစ်ခုခု ဖြစ်နေတယ်လို့ ခံစားနေရရင် လူငယ်တွေ ယုံကြည်ရမယ့် လူလို ပြုမူပြီး "နင်က ဘာမှ မဖြစ်ဘူးလို့ ပြောပေမယ့် တခုခု ဖြစ်နေသလို ခံစားနေရတယ်၊ ကျောင်းက ဆရာတွေကို မေးကြည့်လို့ ရမလား" သူတို့မှာ တခြား ပြောပြစရာ အကြောင်းရှိနိုင်တယ် ဆိုတာမျိုး ပြောနိုင်ပါတယ်။ အနိုင်ကျင့် ခံရတဲ့ လူငယ်တွေကို ကူညီဖို့ ကွန်မြူနီတီ တစ်ခုလို လုပ်ရှားနိုင်ပြီး သူတို့အနေနဲ့ တစ်ဦးတစ်ယောက်ကိုပဲ ပြောဆိုတာမျိုး မဟုတ်ပဲ ဝိုင်းပြီး အကူအညီပေးတာမျိုး လုပ်နိုင်တယ်လို့ ပြောတဲ့အကြောင်း ရေးထားတဲ့ Zoe Thomaidou ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်။

- For a list of school authorities and bullying prevention and response policy links for each jurisdiction visit https://bullyingnoway.gov.au/responding-to-bullying/legislation-and-policy
- For cyberbullying information and support visit https://www.esafety.gov.au For in-language resources visit https://www.esafety.gov.au/parents/resources/online-safety-for-every-family
- Kids Helpline is Australia’s free confidential 24/7 online and phone counselling service for young people aged 5 to 25. Call 1800 55 1800 or visit https://kidshelpline.com.au to find support or speak to a counsellor.







