SKIP TO MAIN CONTENT

စစ်အုပ်စုနှင့်ဆက်ဆံမှုရပ်ဖို့ နိုင်ငံတကာရေနံကုမ္ပဏီ ၁၁ ခုကို JFM တောင်းဆို

Justice for Myan 2.jpg

လန်ဒန်အခြေစိုက် Burma Campaign UK ရဲ့ “မသမာသော စီးပွားရေးလုပ်ငန်းများစာရင်း” (Dirty List) ထဲ ဇူလိုင်လအတွင်း ထပ်မံထည့်သွင်းခံရတဲ့ နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုအနေနဲ့ စစ်အုပ်စုထံ ငွေပေးချေမှု ရပ်ဆိုင်းရန် ဒါမှမဟုတ် တာဝန်သိသိဖြင့် လုပ်ငန်းတွေ ရပ်တန့်ဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။

Published

Updated

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS

Skip to podcast episode content

လန်ဒန်အခြေစိုက် Burma Campaign UK ရဲ့ “မသမာသော စီးပွားရေးလုပ်ငန်းများစာရင်း” (Dirty List) ထဲ ဇူလိုင်လအတွင်း ထပ်မံထည့်သွင်းခံရတဲ့ နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုအနေနဲ့ စစ်အုပ်စုထံ ငွေပေးချေမှု ရပ်ဆိုင်းရန် ဒါမှမဟုတ် တာဝန်သိသိဖြင့် လုပ်ငန်းတွေ ရပ်တန့်ဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။

လန်ဒန်အခြေစိုက် Burma Campaign UK (BCUK) ဟာ မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုတွေမှာ အားပေးကူညီတဲ့ သို့မဟုတ် တိုက်ရိုက် ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီများကို ဖော်ထုတ်ဆန်းစစ်ပြီး "မသမာသော စီးပွားရေးလုပ်ငန်းများစာရင်း" (Dirty List) ကို နှစ်စဉ် ပုံမှန် ထုတ်ပြန်လေ့ရှိပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လတွင် နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ မွမ်းမံစာရင်းမှာ နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ထိပ်တန်းက ရပ်တည််််နေတဲ့တဲတ ရေနံဝန်ဆောင်မှု ကုမ္ပဏီ ၁၁ ခု ထပ်မံ ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီတွေဟာ Baker Hughes၊ China Oilfield Services Limited (COSL)၊ COENS၊ Destini Berhad၊ ENRA Group၊ Halliburton၊ Hyundai Heavy Industries၊ PetroVietnam၊ SED Energy Holdings SLB (အရင် Schlumberger) နဲ့ Weatherford International တို့ ဖြစ်ပါတယ်။

Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now