SKIP TO MAIN CONTENT

ကယား (ကရင်နီ) ပြည်မှာ နိုင်ငံတကာ ကူညီပံ့ပိုးရေးအဖွဲ့တွေ ကူဖို့ ရှိသလား။

A hut belongs to a Karenni IDP family
More than 150000 people are being displaced in Karenni (Kayah) state in Myanmar Source: Citizen Journalist

ကရင်နီပြည်ခေါ် ကယားပြည်မှာ စစ်ကောင်စီကနေ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ဗုံးကျင်းတွေတူးဖို့နဲ့ တခြား အရေးပေါ်ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားဖို့ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီက တိုက်တွန်းထားတဲ့အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။


Published

By Mu Laing Thein

Source: SBS


Skip to podcast episode content

ကရင်နီပြည်ခေါ် ကယားပြည်မှာ စစ်ကောင်စီကနေ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ဗုံးကျင်းတွေတူးဖို့နဲ့ တခြား အရေးပေါ်ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားဖို့ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီက တိုက်တွန်းထားတဲ့အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။


ကရင်နီပြည်မှာ စစ်ကောင်စီကနေ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်မှုတွေ လုပ်နေတဲ့အပြင် နှစ်ဖက်အကြား ဆက်လက် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

နေရာဒေသ အနှံ့မှာ ကင်းထောက်ပျံသန်းမှုတွေ ဆက်လက်လုပ်ဆောင်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိကိုယ်ကို ဘေးကင်းလုံခြုံရေးအတွက် ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။

ဗုံးကျင်းတွေ တူးထားဖို့၊ ရေ၊ ဆေးဝါး၊ ဓာတ်မီး၊ ပါဝါဘန့်တွေဆောင်ထားဖို့ မလိုအပ်ရင် သွားလာလှုပ်ရှားမှု မလုပ်ဖို့လည်း ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီက သတိပေးထားပါတယ်။

ဒီအကြောင်းတွေအပြင် လက်ရှိ ကယားပြည်နယ်ရဲ့ အခြေအနေ၊ စစ်ရှောင်တွေ အလိုအပ်ဆုံးအရာတွေနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေရဲ့ အနေအထားနဲ့ ဆက်စပ်ပြီး ကရင်နီပြည် အတိုင်ပင်ခံကောင်စီရဲ့ လူသားခြင်းစာနာထောက်ထားရေးတာဝန်ခံ ကိုဗညားနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now