SKIP TO MAIN CONTENT

တိုက်ခိုက်မှု ယာယီရပ်ဆိုင်းတာက စစ်ရှောင်တွေအတွက် ဘယ်လို ဖြစ်စေနိုင်သလဲ

A house destroyed by heavy weapons in Kayah State
A house destroyed by heavy weapons in Kayah State Source: Mathias and Banya

ကယားပြည် (ကရင်နီ) မှာ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် KNDF နဲ့ စစ်ကောင်စီအကြား မြို့ပြမှာ တိုက်ပွဲတွေ ယာယီရပ်ဆိုင်းဖို့ သဘောတူညီခဲ့ကြပါတယ်။


Published

Updated

By Mu Laing Thein

Source: SBS


Skip to podcast episode content

ကယားပြည် (ကရင်နီ) မှာ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် KNDF နဲ့ စစ်ကောင်စီအကြား မြို့ပြမှာ တိုက်ပွဲတွေ ယာယီရပ်ဆိုင်းဖို့ သဘောတူညီခဲ့ကြပါတယ်။


ကယားပြည်ရဲ့ အဓိကမြို့ တစ်မြို့ဖြစ်တဲ့ ဒီမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်အပြင် အနီးအနားက ရှမ်းပြည်နယ် မိုးဗြဲမြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေက လူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အချိန်တိုကာလအတွင်း ပြည်သူ တစ်သိန်းကျော် စစ်ရှောင်နေကြရပါတယ်။

ကရင်နီပြည်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကနေ ယာယီစစ်ရပ်ဆိုင်းပေးဖို့ တောင်းဆိုကြတဲ့အတွက် စစ်ကောင်စီဖက်ကရော KNDF ကပါ တိုက်ခိုက်မှုတွေ ရပ်တန့်ထားဖို့ သဘောတူထားကြပါတယ်။

အပြန်အလှန် တိုက်ခိုက်မှုတွေ မလုပ်တော့ဘူးဆိုပေမယ့် အခုလောလောဆယ် ပျက်စီးမှုများတဲ့ ဒီမောဆိုလို မြို့မှာ လူနေလို့ မရတာတွေ၊ စိတ်မချတာမျိုးတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေအတွင်း တောထဲ ရှောင်ပုန်းနေရတဲ့ စစ်ရှောင်တွေအတွက် အခြေအနေက ဘယ်လို ဖြစ်လာနိုင်သလဲ၊ သူတို့ရဲ့ နေအိမ်မှာ ပြန်လည် နေထိုင်ဖို့ ဖြစ်နိုင်သလား ဆိုတာနဲ့ ဆက်စပ်ပြီး စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ တာဝန်ရှိသူ တစ်ဦးနဲ့ မေးမြန်းထားပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now