Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ရွေးကောက်ပွဲမှာ လေဘာအနိုင်ရ၊ အန်ထော်နီ အယ်လ်ဘာနီဇီ ဝန်ကြီးချုပ်ဆက်ဖြစ်

GENERIC ELEX 25 ALBO HEADER.png

၂၀၂၅ ခုနှစ် မေလ ၃ ရက် စနေနေ့မှာ ကျင်းပတဲ့ ဖက်ဒရယ် ရွေးကောက်ပြိုင်ပွဲမှာ အစိုးရဖြစ်နေတဲ့ လေဘာပါတီကပဲ ပြန်လည်အနိုင်ရသွားခဲ့ပါတယ်။ ဒီလို အခြေအနေကြောင့် ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီဟာ ဩစတြေးလျရဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်လက် ရပ်တည်မှာ ဖြစ်ပါတယ်။


Published

Updated

Presented by Mu Laing Thein

Source: SBS


Share this with family and friends


၂၀၂၅ ခုနှစ် မေလ ၃ ရက် စနေနေ့မှာ ကျင်းပတဲ့ ဖက်ဒရယ် ရွေးကောက်ပြိုင်ပွဲမှာ အစိုးရဖြစ်နေတဲ့ လေဘာပါတီကပဲ ပြန်လည်အနိုင်ရသွားခဲ့ပါတယ်။ ဒီလို အခြေအနေကြောင့် ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီဟာ ဩစတြေးလျရဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်လက် ရပ်တည်မှာ ဖြစ်ပါတယ်။


ပြန်လည်ရွေးကောက်ခံရတဲ့ လေဘာ အစိုးရဆီကနေ ဩစတြေးလျနိုင်ငံသားတွေအနေနဲ့ ဘာတွေ မျှော်လင့်နိုင်ပါသလဲ။

လေဘာပါတီရဲ့ ဆောင်ပုဒ်က "ဩစတြေးလျရဲ့ အနာဂတ်ကို တည်ဆောက်ခြင်း Building Australia’s Future” ဖြစ်ပါတယ်။

လေဘာရဲ့ အဆိုအရ နိုင်ငံတကာ ကျောင်းသားဦးရေကို တစ်နှစ်မှာ နှစ်သိန်းခုနှစ်သောင်း ဆက်လက် လက်ခံမှာဖြစ်ပေမယ့် နိုင်ငံတကာ ကျောင်းသားဗီဇာဖိုးကတော့ ဒေါ်လာ ၁၆၀၀ ကနေ $၂၀၀၀ အထိ စျေးတက်သွားမှာ ဖြစ်ပါတယ်။

လေဘာပါတီက လူနေမှု ကုန်ကျစရိတ် သက်သာစေရေးအတွက် ရေတို ဖြေရှင်းချက်တွေမှာ ပါဝင်တာက အခွန်သက်သာစေရေးလုပ်ဆောင်ချက်ဖြစ်ပြီး အဲလို လုပ်နိုင်ဖို့ လွှတ်တော်မှာ အရေးဆိုတာ အောင်မြင်ပြီးသား ဖြစ်ပါတယ်။

အတိုက်အခံပါတီခေါင်းဆောင် ပီတာဒါတန်ကလည်း ဒီရွေးကောက်ပွဲမှာ သူတို့အနေနဲ့ ရှုံးနိမ့်သွားတဲ့အကြောင်း ဝန်ခံပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

လစ်ဘရယ်ပါတီနဲ့ ညွန့်ပေါင်းကို ထောက်ခံအားပေးတဲ့ လူသန်းနဲ့ချီကို ကျနော်ကျေးဇူးတင်ချင်ပါတယ်။ ကျနော်ပြောခဲ့တဲ့အတိုင်း ဒီညက ကျနော်တို့အတွက် ကောင်းတဲ့ညတော့မဟုတ်ပါဘူး။ ကောင်းတဲ့ တော်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့ရဲ့ ရည်မှန်းချက်တွေ၊ သူတို့ရဲ့ မဲဆန္ဒနယ်ကို စွန့်လွတ်လိုက်ရတာတွေ ရှိခဲ့တဲ့အတွက် ကျနော် အင်မတန် စိတ်မကောင်းဖြစ်ပြီး တောင်းပန်လိုပါတယ်။ ကျနော်တို့ ပါတီဟာ အင်မတန် ကောင်းမွန်တဲ့ပါတီဖြစ်ပါတယ်၊ ကျနော်တို့ ပြန်လည်တည်ဆောက်မှာပါ၊ ကျနော့်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ Dickson အပါအဝင် နိုင်ငံတလွှားက လစ်ဘရယ်မိသားစုဝင်တွေ ဒီည နာကြင်မှု ခံစားနေကြရပါတယ်။ သူတို့ အားလုံးကို ကျနော် အများကြီး ကျေးဇူးတင်တဲ့အကြောင်း ပြောလိုပါတယ်။ သူတို့ဟာ အင်မတန် ကောင်းမွန်ပြီး တိုင်းပြည်ကို ချစ်တဲ့လူတွေ ဖြစ်ကြပါတယ်။ ကျနော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး နိုင်ငံတစ်ခုမှာ နေထိုင်တယ်လို့ ကျနော် အမြဲတမ်းယုံကြည်သလို ဆက်လက်ယုံကြည်ဆဲ ဖြစ်ပါတယ်။ ဒီနိုင်ငံကို ကျနော်ချစ်တယ် ဒီနိုင်ငံအတွက် တိုက်ပွဲဝင်တယ်။ ဒီရွေးကောက်ပွဲမှာ အတိုက်အခံဖက်က အနိုင်ရသွားပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော်တို့ ဘယ်သူတွဗဖြစ်ကြသလဲ ဆိုတဲ့ အစစ်အမှန်တော့ မဟုတ်ပါဘူး။ ဒီကနေ ကျနော်တို့ ပြန်လည်တည်ဆောက်ကြမယ်၊ ကျနော်တို့ ကိုယ့်တန်ဖိုးကို ကိုယ်သိတယ်ကျနော်တို့ရဲ့ ယုံကြည်ချက်ကို ကျနော်တို့ သိတဲ့အတွက် အဲဒီအတိုင်း လုပ်ဆောင်ကြပါတယ်။ ဩစတြေးလျနိုင်ငံသားတွေကိုလည်း ကျနော်အပေါ် ထားတဲ့ ယုံကြည်မှုတွေအတွက် ကျေးဇူးတင်တယ်၊ Dickson မဲဆန္ဒနယ်ကိုလည်း ကျေးဇူးတင်တယ်၊ အတိုင်အခံပါတီ ခေါင်းဆောင်ကိုလည်း ကျေးဇူးတင်လိုတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီကမ်ပိန်းမှာ ကျနော်တို့ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးဆိုတာ ဒီညမှာ ကွင်းကွင်းကွက်ကွက် မြင်ရပြီး အဲဒီလို ရှုံးနိမ့်မှုအတွက် ကျနော် လုံးဝတာဝန်ယူပါတယ်။ ခုဏကပဲ ကျနော် ဝန်ကြီးချုပ်ကို ဖုန်းခေါ်ပြီး ဒီည သူ့ရဲ့အောင်မြင်မှုကို ကျနော် ဂုဏ်ပြုခဲ့ပါတယ်။ ဒါဟာ လေဘာပါတီအတွက် သမိုင်းဝင်တဲ့ ဖြစ်ရပ်ဖြစ်ပြီး အဲဒါကို ကျနော် အသိအမှတ်ပြုတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါ့ပြင် သူ့ရဲ့ မဲဆန္ဒနယ်မှာ သူ့ကို အနိုင်ရသွားတဲ့ လေဘာပါတီလွတ်တော်အမတ် Ali France ကိုလည်း ဖုန်းဆက်ပြီး ဂုဏ်ပြုခဲ့တယ်လို့ ပြောပါတယ်။

Ali France ဟာ အဲဒီ မဲဆန္ဒနယ်မှာ ၂၄ နှစ်ကြာ နေရာယူထားတဲ့ ပီတာဒါတန်ကို အနိုင်ရဖို့ ကြိုးစားရာက သုံးကြိမ်မြောက်မှာ အနိုင်ရသွားတာ ဖြစ်ပါတယ်။

နားဆင်နိုင်ပါပြီ။.


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now