SKIP TO MAIN CONTENT

ရေကာတာကျိုးလို့ ဒေသခံသောင်းချီရေဘေးသင့်နေ။

Myanmar Floods.jpeg
ရေကာတာကျိုးလို့ ဒေသခံသောင်းချီရေဘေးသင့်နေ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ဂျမ်းကုန်းကျေးရွာအနီးမှ ငဝန်မြစ်ရေ ကိုကာထားတဲ့ ရေကာတာ ကျိုးပေါက်သွားတာကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်းများစွာနှင့် မြို့ပေါ်ရပ်ကွက်အချို့အတွင်းကို မြစ်ရေတွေ အရှိန်အဟုန်နဲ့ စီးဝင်နေကာဒေ သခံသောင်းချီ ရေဘေးသင့်နေကြရပါတယ်။

Published

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS

Skip to podcast episode content

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ဂျမ်းကုန်းကျေးရွာအနီးမှ ငဝန်မြစ်ရေ ကိုကာထားတဲ့ ရေကာတာ ကျိုးပေါက်သွားတာကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်းများစွာနှင့် မြို့ပေါ်ရပ်ကွက်အချို့အတွင်းကို မြစ်ရေတွေ အရှိန်အဟုန်နဲ့ စီးဝင်နေကာဒေ သခံသောင်းချီ ရေဘေးသင့်နေကြရပါတယ်။

လေးမျက်နှာမြို့နယ်ဟာ ငဝန်မြစ်ရဲ့ ကမ်းဘေးတွင် တည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး အထက် မြန်မာပြည်မှ စီးဆင်းလာသော မြစ်ရေနှင့် မုတ်သုံမိုး ရွာသွန်းမှုများကြောင့် မိုးရာသီတွင် ရေကြီး ရေလျှံမှု အတန်အသင့် ကြုံတွေ့ရလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဇူလိုင် ၃၀ ရက် ညနေပိုင်းမှ စတင်ပြီး လေးမျက်နှာဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲခန့်မှာ တာမိုင်အမှတ် ၂၅/၃မှာ သဲဗွက်ဖြစ်ပေါ်ပြီး တာနိမ့်ဆင်းမှု စတင်ခဲ့တယ်လို့သိရပါတယ်။

Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now