သြဂုတ် ၃၁ ရက်က ဆစ်ဒနီမြို့မှာ ကျင်းပသည့် နိုင်ငံတကာ မာရသွန်ပြိုင်ပွဲတွင် မမြင့်မိုဦးက မြန်မာရိုးရာဝတ်စုံကို သပ်ရပ်စွာ ၀တ်ဆင်ထားပြီး ပိတောက်ပန်းများ ပန်ဆင်ကာ ဝင်ပြိုင်ခဲ့ပါတယ်။
မမြင့်မိုရ်ဦးက တခြားသူတော့မဟုတ်ပါဘူး အားလုံးသိကြတဲ့ ပရဟိတ မင်းသားကြီး အကယ်ဒမီ (ဦး) ကျော်သူ၊ ဒေါ်ရွှေဇီးကွက်တို့ရဲ့ သမီး ဖြစ်ပြီး၊ သူဟာ ဆစ်ဒနီမြို့မှာ နေထိုင်နေသူတယောက် ဖြစ်ပါတယ်။
မမြင့်မိုရ်ဦးဟာ ၄၂ကီလိုမီတာ(၂၆မိုင်ကျော်)ခရီးကို မာရသွန်ပြိုင်ပွဲဝင်ပြိုင်ခဲ့တာဖြစ်ပြီး လေးနာရီ ၁၂မိနစ်နဲ့ ၁၉စက္ကန့်အကြာမှာပန်းဝင်နိုင်ခဲ့ပြီး Guinness World Records မှတ်တမ်းဝင် သွားပါ တယ်။
Share





