ရှမ်းမြောက်မှာ စစ်တပ်က တအောင်းတပ်နဲ့ကိုးကန့်တပ်တို့နဲ့အပစ်ရပ်ပြီးတဲ့နောက်တော်လှန်ရေးအားကောင်းရာနယ်မြေဖြစ်တဲ့စစ်ကိုင်းတိုင်းကို စစ်ရေးအရဖိအားပေးကာ လေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်လုပ်ဆောင်လာပါတယ်။
ဒီဇင်ဘာလ ပထမအပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၇ ကြိမ်ခန့်ကြောင့် ကလေးငယ်တွေနှင့် ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ပြည်သူ၄၂ ဦးသေဆုံးခဲ့ရပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ တော်လှန်ရေးတပ်သားတွေသာ မကပဲ အပြစ်မဲ့အရပ်သားတွေကိုပါ တိုက်ရိုက်ခြိမ်းခြောက်နေတယ် ဆိုတာထင်ရှားနေတာပါ။
Share






