ဒီလိုပြောဆိုပြီးချိန်မှာပဲ ဒီလိုဆွေးနွေးမယ့်ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် လုပ်ဆောင် ချက်တွေ လုပ်ဆောင်လာမယ်ဆိုရင် တပ်မတော်အနေနဲ့ လိုအပ်တဲ့ အရေးယူတုံ့ပြန်မှု တွေ ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ယုံကြည်မှုပျောက်ဆုံးနေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးစကားလုံးများ

တိုင်းရင်းသားနယ်မြေတစ်ခုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ Source: သံလွင်ခက်
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။
Share