ခဏတာအာဏာထိန်းတယ်ဆိုတာစကားတွေ ပြောခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ သက်တမ်းကို ၂၀၂၃ခုနှစ် ဩဂုတ်လအတိခန့်မှန်းထားတယ်လို့ အဓိပ္ပာယ်ရတဲ့ စကားသံထွက်ပေါ်လာပါတယ်။ နိုင်ငံရေးတင်းမာမှုတွေကြားမှာ အာဏာသိမ်းမှုကို တဆင့်ချင်းလို ရှေ့တိုးလာတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အတွက်ကိုလည်း ဝေဖန်ရှုံ့ချမှုတွေ များစွာဖြစ်ပေါ်လာခဲ့ပါတယ်။
ပွဲလှန့်ဖျာခင်းနိုင်ငံရေးပုံရိပ်တွေထဲက တကျော့ပြန် အိမ်စောင့်အစိုးရ

စစ်အာဏာရှင်စနစ်ကိုလက်မခံကြောင်း ဆန္ဒထုတ်ဖော်မှုများ Source: Than Lwin Khet
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ဟာ နိုင်ငံအာဏာကို အဓမ္မသိမ်းယူပြီး ၆ လအကြာမှာပဲ အိမ်စောင့်အစိုးရကို ဖွဲ့စည်းပြီး ဥက္ကဌနေရာကို ယူခဲ့ပါတယ်၊
Share



