အထူးသဖြင့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ စီမံကိန်းကို ဝေဖန်တာ ၊ ဆန့်ကျင်တာ ပြုလုပ်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူမှုတွေ ပြုလုပ်နေပါတယ်။
မဲဆွယ်စည်းရုံးရေးကို ဆန့်ကျင်တဲ့ ပိုစတာကပ်တာ သို့မဟုတ် လူမှုကွန်ရက်မှာ ဝေဖန်တာမျိုး ပြုလုပ်တဲ့အတွက် ပြည်သူအချို့ကို ထောင်ဒဏ် နှစ်ရှည် စီရင်လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာ ခြင်းဟာ ပြည်သူတွေကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။











