မြောက်ဦးမြို့ မြောက်ဘက် ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အဆင့်ဆေးရုံကြီးကို လေယာဉ် နှစ်စီးက ည ၉ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံး၂ လုံး ကျဲချခဲ့ရာ သုံးလသားကလေးတစ်ဦး အပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေတဲံ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေနဲ့၊ ကလေးသူငယ်များ အပါအဝင် အရပ်သား ၇၇ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်က မြောက်ဦးဆေးရုံကိုဗုံးကျဲတိုက်ခိုက်။

စစ်အာဏာရှင် လေကြောင်းတိုက်ခိုက်မှုအပြီး မြောက်ဦးပြည်သူ့ဆေးရုံကြီး။
ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်တဲ့နေ့ဖြစ်ပြီး အဲ့ဒီနေ့မှာ တစ်ကမ္ဘာလုံးက လူသားတွေရဲ့ မွေးရာပါ အခွင့်အရေးတွေကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပေမယ်လည်း၊ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွက်တော့ သွေးစွန်းတဲ့ အမှတ်ရစရာနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
Share




