Homeland News: လူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်က မြောက်ဦးဆေးရုံကိုဗုံးကျဲတိုက်ခိုက်။

Arakan.jpeg

စစ်အာဏာရှင် လေကြောင်းတိုက်ခိုက်မှုအပြီး မြောက်ဦးပြည်သူ့ဆေးရုံကြီး။

ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်တဲ့နေ့ဖြစ်ပြီး အဲ့ဒီနေ့မှာ တစ်ကမ္ဘာလုံးက လူသားတွေရဲ့ မွေးရာပါ အခွင့်အရေးတွေကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပေမယ်လည်း၊ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွက်တော့ သွေးစွန်းတဲ့ အမှတ်ရစရာနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။


မြောက်ဦးမြို့ မြောက်ဘက် ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အဆင့်ဆေးရုံကြီးကို လေယာဉ် နှစ်စီးက ည ၉ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံး၂ လုံး ကျဲချခဲ့ရာ သုံးလသားကလေးတစ်ဦး အပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေတဲံ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေနဲ့၊ ကလေးသူငယ်များ အပါအဝင် အရပ်သား ၇၇ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now