စစ်အာဏာသိမ်းကာလ ၃ နှစ်ခွဲကျော်လာချိန်မှာ မွန်ပြည်နယ်အတွင်းက တော်လှန်ရေးမဟာမိတ်တွေပူးပေါင်းပြီး စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်နိုင်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ခပ်စိတ်စိတ်လုပ်ဆောင်လာပါတယ်။
အဲဒီလို ပေါင်းစည်းနိုင်ဖို့အတွက် အခုနှစ်ဆန်းပိုင်းမှာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လာတဲ့ အဖွဲ့တွေရှိလာသလို အဲဒီအဖွဲ့တွေဟာ မွန်တော်လှန်ရေးအဖွဲ့တချို့နဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေကြတာပါ။
ဒါပေမယ့် လက်ရှိအချိန်အထိ မွန်တော်လှန်ရေးအဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေ ရှိနေပြီး ပူးပေါင်းဆောင်ရွက်ဖို့ အဟန့်အတားတွေလည်း ရှိနေပါတယ်။
Share





