Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဩစတြေးလျရဲ့ သန္တာကျောက်တန်း အနေအထားကို စိုးရိမ်မှုတွေ ပိုများလာ

An area of the Great Barrier Reef damaged by bleaching
An area of the Great Barrier Reef damaged by bleaching Source: AAP

ကုလသမဂ္ဂက ကမ္ဘာ့သမုဒ္ဒရာများနေ့ World Oceans Day ကို ကျင်းပနေတဲ့အချိန်မှာပဲ ဩစတြေးလျနိုင်ငံက သုတသီတွေက သန္တာကျောက်တန်းတွေရဲ့ အနေအထားက စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။


Published

By Elfy Scott

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ကုလသမဂ္ဂက ကမ္ဘာ့သမုဒ္ဒရာများနေ့ World Oceans Day ကို ကျင်းပနေတဲ့အချိန်မှာပဲ ဩစတြေးလျနိုင်ငံက သုတသီတွေက သန္တာကျောက်တန်းတွေရဲ့ အနေအထားက စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။


Great Barrier Reef လို့ ခေါ်တဲ့ ဩစတြေးလျရဲ့ သန္တာကျောက်တန်းဟာ ၂၀၁၆ ခုနှစ်ကနဲ့ယှဥ်ရင် အခြေအနေက ၆ ဆ ပိုဆိုးဝါးလာနေတယ်လို့ ပြောပါတယ်။

ရာသီဥတုပူနွေးလာမှုကြောင့် သန္တာကျောက်တန်းတွေရဲ့ အရောင်တွေ ဖျော့တော့လာပြီး ရေညှိရေမော်ပင်တွေ ပျံ့နှံ့လာရာက ပိုပြီး ပျက်စီးမှုတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

Western Australia ကမ်းရိုးတန်းဖက်မှာလည်း သန္တာကျောက်တန်းပျက်စီးမှုတွေ ဖြစ်နေပြီး အထူးသဖြင့်

လူသိများတဲ့ Ningaloo Reef ဖက်မှာ ပျက်စီးမှုတွေ ဖြစ်နေတာလို့ James Cook University က

Dr Scott Heronက ပြောပါတယ်။

သန္တာကျောက်းတန်းတွေဟာ သဘာဝအလှအပအတွက်သာမက သူတို့ဟာ သမုဒ္ဒရာ ထဲက ငါး ၄ ပုံ တစ်ပုံအတွက် ကစားကွင်းတွေလည်း ဖြစ်ပါတယ်။ သူတို့တွေ ရှိနေရင် ကမ်းရိုးတမ်းကို မုန်တိုင်းဒဏ်ကနေ ကာကွယ်ပေးနိုင်သလို ကမ္ဘာတလွားက လူတွေအတွက် အဲဒီလို နေရာဟာ နေ့စဥ်သုံး ဆူပါမတ်ကက်လို့ ဖြစ်နေတယ်လို့ ပြောပါတယ်။

အခုဆိုရင် ငါးကြီးတွေရဲ့ အရည်အတွက်ဟာ ၉၀ ရာခိုင်နှုန်းကျဆင်းသွားရပြီး သန္တာကျောက်တန်းတွေဟာလည်း ၅၀ ရာခိုင်နှုန်းလောက် ပျောက်ကွယ်သွားရပြီဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီလို အခြေအနေကြောင့် ကမ္ဘာ့သမုဒ္ဒရာတွေကို ကာကွယ်မှု လုပ်ရမယ်လို့ ပြောဆိုနေကြပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now