Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ကယားပြည်နယ်မှာ စစ်ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကျဲပြီး တိုက်ခိုက်မှုလုပ်နေ

Map of armed conflict in Kayah (Karenni) State
Source: Supplied

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်မှာ ဒီကနေ့ ပစ်ခတ်မှုတွေ အများအပြား ဖြစ်နေပါတယ်။


Published

By Mu Laing Thein

Source: SBS


Share this with family and friends


ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်မှာ ဒီကနေ့ ပစ်ခတ်မှုတွေ အများအပြား ဖြစ်နေပါတယ်။


လွိုင်ကော်အမြောက်တပ်ဖက်ကနေ အမြောက်တွေနဲ့ မနက် ၁၀ နာရီကတည်းက ပစ်ခတ်နေတာဖြစ်ပြီး အခု ည ၆ နာရီခွဲနီးပါး (သြစတြေးလျ အရှေ့ဖက် စံတော်ချိန် ည ၉ နာရီခွဲကျော်) အထိ ဆက်လက်ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။

ညနေ ၅နာခွဲလောက်ကစပြီး စစ်ရဟတ်ယာဉ် နှစ်စင်းလာပြီး ဗုံးကျဲတာမျိုး လုပ်နေတယ်လို့ အဲဒီနေရာတဝိုက်မှာ ရှိနေသူ တစ်ဦးက ပြောပါတယ်။

နေရာကတော့ ဒီမော့ဆိုမြို့နယ် ဒေါငံခါး နဲ့ ကုန်းသာ ရွာအဝင်နားမှာ ဖြစ်နေပြီး လွိုင်ကော်ဖက်ကနေ ချီတက်ပြီး အဲဒီဒေသရဲ့ လယ်ကွင်းပြင်တွေမှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေတာလို့ ပြောပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေး KPDF အဖွဲ့ကို ဆုတ်ခွာခိုင်းပေမယ့် လောလောဆယ် အဆက်အသွယ်မရတာမျိုးတွေလည်း ဖြစ်နေတယ်လို့ အဲဒီဒေသခံက ပြောပြပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now