SKIP TO MAIN CONTENT

စစ်ရေးလှုပ်ရှားမှုများအတွင်း ပိတ်မိနေသော မြန်မာပြည်သူများ။

SBS Burmese logo.jpg
SBS Burmese logo.

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်း၊ စစ်ကိုင်းတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေကူမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး အရင်ကတည်းက ရေကြောင်းနှင့် ကုန်းလမ်းဆုံရာ ဗျူဟာမြောက် ကုန်သွယ်ရေးမြို့တစ်မြို့ ဖြစ်ပါတယ်။

Published

Updated

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS

Skip to podcast episode content

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်း၊ စစ်ကိုင်းတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေကူမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး အရင်ကတည်းက ရေကြောင်းနှင့် ကုန်းလမ်းဆုံရာ ဗျူဟာမြောက် ကုန်သွယ်ရေးမြို့တစ်မြို့ ဖြစ်ပါတယ်။

မြေပြင်သတင်းရင်းမြစ်များနှင့် ဒေသခံများ၏ ပြောဆိုချက်များအရ ဇူလိုင်လ ၁ ရက်မှ စတင်ကာ ရွှေကူမြို့ အနီး နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီ တပ်များက မြို့တွင်း နှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး နေအိမ်တွေ ပျက်စီးကာ ဒေသခံတွေအခြေအနေ ဆိုးရွားလာနေလာပါတယ်။

Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now