SKIP TO MAIN CONTENT

စစ်တပ်ဖိနပ်အောက်မှာ ငါးနှစ်ဖြတ်သန်းခဲ့ရတဲ့ မြန်မာပြည်

Myanmar coup 4.jpg
Myanmar in Melbourne gathered to protest against the military coup

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းခဲ့တာဟာ အခုဆိုရင် ၅ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ အာဏာသိမ်းမှု မတိုင်ခင်အထိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့်လည်း အနာဂတ်အတွက် မျှော်လင့်ချက်အလင်းတန်းတွေ ရှိနေခဲ့ပါသေးတယ်။

Published

Presented by Nyunt Thu Sein

Source: SBS

Skip to podcast episode content

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းခဲ့တာဟာ အခုဆိုရင် ၅ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ အာဏာသိမ်းမှု မတိုင်ခင်အထိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့်လည်း အနာဂတ်အတွက် မျှော်လင့်ချက်အလင်းတန်းတွေ ရှိနေခဲ့ပါသေးတယ်။

အာဏာသိမ်းမှု နှင့်အတူ အဲဒီအလင်းတန်းတွေဟာ ရုတ်ခြည်း ငြိမ်းသတ်ခံလိုက်ရပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ဒီမိုကရေစီနဲ့ဆန့်ကျင့်ပြီး စစ်တပ်က အရယူလိုက်တဲ့အချိန်မှာ ပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို စစ်ဖိနပ်အောက်မှာ ပုံအပ်လိုက်ရသလို ခံစားခဲ့ကြရပါတယ်။

ငါးးနှစ်ဆိုတဲ့ ကာလဟာ ကမ္ဘာ့နိုင်ငံအချို့အတွက် ဖွံ့ဖြိုးတိုးတက်မှုများစွာ ရရှိနိုင်တဲ့ အချိန်ဖြစ်ပေမယ့်လည်း မြန်မာပြည်သူတွေအတွက်တော့ သာမန်အချိန်ကာလတစ်ခုမဟုတ်ဘဲ သွေး၊ ချွေးနှင့် မျက်ရည်တွေနဲ့ ရေးထိုးထားတဲ့ သမိုင်းစာမျက်နှာသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီကာလအတွင်း နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ လူမှုစီးပွားယန္တရားတစ်ခုလုံးဟာ ပြည်သူ့အတွက်မဟုတ်ဘဲ အာဏာတည်မြဲရေးအတွက်သာ လည်ပတ်တဲ့ ကိရိယာတွေ ဖြစ်သွားခဲ့ပြီး တိုင်းပြည်ဟာ အဖက်ဖက်ကနေ ယိုယွင်းပျက်စီးသွားခဲ့ရပါတယ်။

Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now