တော်လှန်ရေးတပ်သားတွေ နယ်မြေစိုးမိုးမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ဆယ်ခုထက်မနည်းမှာ စစ်ကောင်စီဟာ အင်အားအလုံးအရင်းဖြင့် မြေပြင် နှင့် လေကြောင်းမှ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။
တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ပေးလိုက်တဲ့ နယ်မြေတွေမှာ စစ်ကောင်စီက တပ်စွဲနေပြီး ပြည်သူတွေကို ရွေးကောက်ပွဲအတွက် စည်းရုံးနေတယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့်မြို့နယ်ဆယ်ခုထက်မနည်းမှ ဒေသခံသောင်းချီဟာ စစ်ဘေးတိမ်း ရှောင် ထွက်ပြေးနေရပြီး အစားအစာ၊ ဆေးဝါး၊ နေစရာနှင့် အခြေခံလိုအပ်ချက်တွေ အရေးပေါ် လိုအပ်နေပါတယ်။
Share





