စစ်ကောင်စီရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ မကွေးတိုင်းအတွင်းက ယောဒေသ၊ ကရင်နီပြည်နယ်အတွင်းက ဒီမော့ဆိုးမြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ဒေသခံတွေ စစ်ရှောင်ခဲ့ရပါတယ်။
မကြုံဘူးတဲ့ စစ်ဘေးကြားက ယောနဲ့ကရင်နီဒေသခံများ

အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသောမြင်ကွင်းများ Source: Than Lwin Khet
အရင်ကဆိုရင် စစ်ဘေးရှောင်ဆိုတဲ့ စကားလုံးဟာ ကချင်၊ ကရင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာသာ အများဆုံးကြားသိခဲ့ရတာပါ။
Share




