ကမာ္ဘ့နိုင်ငံတွေမှာ ကမာ္ဘလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာရောက် မြန်မာတွေနဲ့ မြန်မာ့အရေး ထောက်ခံသူတွေက ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ကြပါတယ်။
သြစတြေးလျရောက် မြန်မာတွေကလည်း မြို့အသီးသီးမှာ ချီတက်မှု ပြုလုပ်ကြပါတယ်။
ဒီအစီအစဉ်မှာတော့ မဲလ်ဘုန်းမြို့ ချီတက်မှုမှာ ပါဝင်သူတွေနဲ့ တွေ့ဆုံမေးမြန်းထားပြီး လက်ရှိ အနေအထားအပေါ် ခံစားချက်တွေနဲ့ ဒီပဋ္ဋိပက္ခက ဗမာလူမျိုးတွေ အချင်းချင်းရဲ့ ကိစ္စဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်ပြီး ကချင်လူငယ်၊ ချင်းလူငယ်၊ ရိုဟင်ဂျာ လူငယ်တွေရဲ့ အမြင်ကို မေးမြန်းထားတဲ့အပြင် ၈၈ မျိုးဆက် တို့ကိုလည်း မေးမြန်းထားပါတယ်။
နားဆင်နိုင်ပါပြီ။




