မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ထိုက်တန်စွာ ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ အသံကို ရှေ့တန်းမှ ထုတ်ဖော်ပေးနေသည့် "သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM)" သည် ရန်ပုံငွေ ပြတ်တောက်မှုကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။
STUM အဖွဲ့သားတွေအနေနဲ့ အလုပ်သမားအရေး လုပ်ရင်း စစ်တပ်ရဲ့ မတရား ဖမ်းဆီး အရေးယူမှုတွေကို ရင်ဆိုင်ခဲ့ရသလို ဘဏ္ဍာရေး အကျပ်အတည်းကြားကနေ အလုပ်သမားတွေအတွက် ၁ နှစ်တိတိ အတက်နိုင်ဆုံး ကြံ့ကြံ့ခိုင် ရပ်တည်ပေးခဲ့တဲ့ 'သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM)' ဟာ လက်ရှိမှာတော့ ရန်ပုံငွေ ပြတ်တောက်မှုကြောင့် လုပ်ငန်းဆောင်တာတွေကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ရပြီ ဖြစ်ပါတယ်။
Share






