မြန်မာစစ်ကော်မရှင်ရဲ့ ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေအပါအဝင် ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့် ဆက်လက် ပိတ်ပင်ထားမယ်လို့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ စစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ်မှာ သဘောတူခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus-5PC) ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့်လို့ ဆိုပါတယ်။
ဒါဟာ စစ်ခေါင်းဆောင်က ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ ထိပ်သီးအစည်းအဝေးများစွာကို ဆက်တိုက် တက်ရောက်ခွင့် ပိတ်ပင်ခံရတာဖြစ်ပါတယ်။
Share





