နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေကြားမှာ လူငယ်တွေအတွက် အလုပ်အကိုင် ရှားပါးမှုဟာ ကြီးထွားလာနေပြီး လူမှုရေး၊ စီးပွားရေးကိုထိခိုက်လာမယ့် ရိမ်ဖွယ်ရာအခြေအနေတရပ်စိုဖြစ်နေပါတယ်။
(ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) UNDP ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အတွင်းက လူငယ်လေးသန်းခန့်ဟာ ပညာသင်ယူနိုင်မှုမရှိတော့တာနဲ့ အလုပ်အကိုင် မရှိခြင်းဆိုတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို မကြုံစဖူး ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အောက်တိုဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။