မြန်မာနိုင်ငံမှာဆိုရင်လည်း ဖမ်းဆီးခံရတဲ့ သတင်းထောက် ၇၃ ဦးထဲက ပြန်လွတ်လာသူ ၃၀ ရှိတဲ့အတွက် ဖမ်းဆီးခံရသူ ၄၄ ဦး ရှိနေသေးပြီး တရားစွဲခံထားရသူ ၄၂ ဦး၊ ဖမ်းဝ၇မ်းထုတ်ခံရသူ ၂၂ ဦး၊ ရှိသလို တရားစွဲခံရတဲ့ မီဒီယာ ဌာန ၁ ခုနဲ့ လိုင်စင်ပိတ်ခံရတဲ့ မီဒီယာ ၅ ခု ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ မီဒီယာ အခြေအနေကြောင်းနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း နေထိုင်ခဲ့ရသူလည်းဖြစ် မီဒီယာ လိုင်စင် ပိတ်ခံရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗွီဘီရဲ့ Operation Director တစ်ဦးလည်း ဖြစ်တဲ့ ကိုတိုးဇော်လတ်နဲ့ ဒီနေ့ မွန်းလွဲပိုင်းမှာ ဆက်သွယ် မေးမြန်းထားပါတယ်။




