မြန်မာနိုင်ငံမှ, SpaceX ပိုင် Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ပိတ်ဆို့မှုတွေ ပြုလုပ်လာတာကြောင့် အရပ်သားများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ မီဒီယာအဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့တွေ ထိခိုက်မှုတွေ ရှိလာနေပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်းများစွာကို စစ်တပ်က ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခဲ့ပါတယ်။
အဲဒီလို ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့နေရာတွေမှာ သတင်းအချက်အလက် စီးဆင်းမှု မပြတ်စေဖို့ StarLink အင်တာနက်တွေကို အစားထိုး အသုံးပြုလာတာ ၃ နှစ်ကျော် ရှိလာပါပြီ။
ဒါပေမဲ့ အခုအခါမှာတော့ SpaceX ကုမ္ပဏီဟာ Starlink ဝန်ဆောင်မှုမူဝါဒကို ပြောင်းလဲလိုက်ကြောင်း သုံးစွဲသူတွေဆီ အီးမေးလ်မှ တစ်ဆင့် အသိပေးထားပြီးဖြစ်သလို StarLink စက်တချို့ကို လည်း ပိတ်လိုက်ကြောင်းသုံးစွဲသူတွေကပြောပါတယ်။
လက်ရှိအချိန်ထိတော့ မြန်မာပြည်မှာ အသုံးပြုနေတဲ့ StarLink စက်တွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်က အပိတ်ခံလိုက်ရပြီလို့ ဆားဗစ်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
Starlink ရဲ့ မူဝါဒအသစ်အရ စက်တစ်လုံးကို မူလမှတ်ပုံတင်ထားတဲ့ နိုင်ငံပြင်ပမှ, ရက်ပေါင်း ၃၀ ဆက်တိုက် အသုံးပြုလာပြီးနောက် သက်ဆိုင်ရာအကောင့်ကို လက်ရှိအသုံးပြုနေတဲ့ နိုင်ငံ သို့မဟုတ် Region သို့ ပြောင်းလဲ သတ်မှတ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
နားဆင်နိုင်ပါပြီ။






