SKIP TO MAIN CONTENT

ကောင်းတပ်ရွာမှာ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် လူပေါင်း ၄၀ ကျော်သေဆုံး

Gunpowder storage explosion causes over 40 death
Gunpowder storage explosion causes over 40 death in Shan State

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ မေလ ၃၁ ရက်နေ့ မှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဒေသခံ အများအပြား သေဆုံးထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


Published

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS


Skip to podcast episode content

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ မေလ ၃၁ ရက်နေ့ မှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဒေသခံ အများအပြား သေဆုံးထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဒီ ပေါက်ကွဲမှုကြောင့် လူပေါင်း ၄၃ ဦးထိခိုက် သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၁၀၀ကျော်ရှိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုဟာ တရုတ်-မြန်မာ နယ်စပ်အနီး နမ့်ခမ်းမြို့ကနေ နှစ်မိုင်ခန့်သာ ကွာဝေးတဲ့ ကောင်းတပ်ရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ ပေါက်ကွဲသံကို တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့အထိ ကြားရတယ်လို့ ေပြာပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ဝန်းကျင်ခန့်မှာ ကောင်းတပ်ရွာ ဘောလုံးကွင်းနှင့် ဘုန်းတော်ကြီးကျောင်းအနီး တည်ရှိသော ယမ်းသိုလှောင်ရုံမှ ပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စိမ်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now