နည်းပညာတွေ လျင်မြန်စွာ တိုးတက်နေတဲ့ ဒီနေ့ခေတ်မှာ အင်တာနက်ဟာ လူတွေရဲ့ နေ့စဉ်ဘဝ၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အဓိက ကိရိယာ တစ်ခု ဖြစ်လာပါပြီ။
မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အင်တာနက်ကို တင်းကြပ်စွာ ကန့်သတ်လိုက်တာကြောင့် ပြည်သူတွေ ဟာ အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးနေကြရပါတယ်။
အင်တာနက်လွတ်လပ်ခွင့်မရှိခြင်းဟာ သာမန် ဆုံးရှုံးမှုတခုမဟုတ်ဘဲ အခုလို နိုင်ငံတဝှမ်း စစ်ဖြစ်နေချိန်မှာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မယ့် စစ်ရေးအခြေအနေ၊ မိုးလေဝသနှင့် အရေးပေါ်အခြေအနေ စတဲ့ သတင်းအချက်အလက်တွေ ကို မရရှိနေခြင်းဖြစ်ပါတယ်။
Share






