Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ရခိုင်ပြည်နယ်က ပြည်သူတွေ ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရ။

MYANMAR-WEATHER-FLOOD
Residents wade through floodwaters in Myanmar's western Rakhine state on July 10, 2026. Source: AFP / STR/AFP

ဇူလိုင်လ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အတော်များများမှာ ရေကြီးရေလျှံမှုတွေ ရင်ဆိုင်နေကြရပြီး လူသိန်းချီ ရေဘေးသင့်နေကြရကာ လူသေဆုံးမှုတွေကို ကြုံတွေ့နေကြရပါတယ်။


Published

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS


Share this with family and friends


ဇူလိုင်လ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အတော်များများမှာ ရေကြီးရေလျှံမှုတွေ ရင်ဆိုင်နေကြရပြီး လူသိန်းချီ ရေဘေးသင့်နေကြရကာ လူသေဆုံးမှုတွေကို ကြုံတွေ့နေကြရပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရခိုင်မြစ်တွေနဲ့ ချောင်းတွေ ရေလျှံလာပြီး ကျောက်တော်၊ မြောက်ဦး၊ ၊မင်းပြား၊ ဘူးသီးတောင်၊ပုဏ္ဏားကျွန်း စတဲ့ မြို့နယ် ငါးခုမှာ ရေအနက် ၆ ပေကျော်အထိ နစ်မြှပ်ခဲ့တာဖြစ်ပါတယ်။

ရေကြီးမှုကြောင့် ဘူးသီးတောင် မြို့နယ်၌ လူတစ်ဦးသေဆုံးကာ ကျောက်တော်မြို့နယ်မှာ လူသုံးဦး သေဆုံးခဲ့ရပြီး ၊ လူအများအပြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now