စစ်အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း သိသိသာသာ တိုးလာတဲ့အထဲမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်နဲ့ အိုးအိမ်မဲ့ ဖြစ်လာရတဲ့ ပြည်သူအရေအတွက်တို့ ပါဝင်ပါတယ်။
တိုင်းနဲ့ ပြည်နယ် အများအပြားက ကျေးရွာ နေအိမ်တွေကို စစ်ကောင်စီ တပ်တွေက မီးရှို့ဖျက်ဆီးလို့ အိုးအိမ်မဲ့ ဖြစ်ရတဲ့ ပြည်သူတွေဟာ နေ့စဉ် တိုးလာတာနဲ့အမျှ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။
Share






