ကယားပြည်နယ်မှာ စစ်ကောင်စီတွေနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ပြီးနောက် ကိုပိုးရယ်နဲ့ နေနိုင်အေးမိသားစုဟာ ဆွေမျိုးရင်းခြာ နှစ်ဦး ဆုံးရှုံးလိုက်ရပါတယ်။
မဲလ်ဘုန်းမြို့မှာ နေထိုင်တဲ့ ကိုပိုးရယ်ရဲ့အဆိုအရ သူ့အဖိုးက လူကြီးရောဂါနဲ့ ကွယ်လွန်ပေမယ့် ရေယိုရွာက အသုဘအိမ်ကို စစ်တပ်က ဝင်လာလို့ အသုဘအိမ်ကလူတွေ ထွက်ပြေးကုန်ပြီး အိမ်ကို မီးရှို့လိုက်သလို မေလ ၂၉ ရက်မှာတော့ လွိုင်ကော်မြို့ နာနတ်တော လူအိုရုံမှာ လုပ်အားပေးတဲ့ ဦးလေးဖြစ်သူ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ပြောပြထားပါတယ်။
ဇနီးဖြစ်သူ နေနိုင်အေးရဲ့ အဆိုအရ သူမရဲ့ မိသားစုဝင်တွေဟာလည်း ဖယ်ခုံဒေသမှာ မငြိမ်မသက်မှု ဖြစ်ကတည်းက ရှောင်ပုန်းနေရတဲ့ နေရာ ၄ ခု ရှိသွားပြီး ဒုက္ခရောက်ရသလို အိမ်မှာ ကျန်ခဲ့သူတွေလည်း ဒုက္ခအသီးသီး ခံစားနေရတယ်လို့ ပြောပါတယ်။
နားဆင်နိုင်ပါပြီ။






