ဩစတြေးလျနိုင်ငံက နိုင်ငံရေးသမားတွေ၊ မီဒီယာတွေနဲ့ နိုင်ငံရေးဝေဖန်သုံးသပ်သူတွေအကြား 'voting below the line' ဆိုတဲ့ အသုံးအနှုန်းမျိုးကို သုံးနေကြတာရှိပါတယ်၊၊
ဩစတြေးလျနိုင်ငံရဲ့ မဲပေးစနစ်မှာ တမူထူးခြားတဲ့အတွက် အဲဒီအသုံးအနှုန်းက ဩစတြေးလျမှာသာ အသုံးပြုတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အဲဒါကရော ဘာကို ဆိုလိုတာလဲ ဆိုတာ တွေးမိကြပါသလား။
ဒါ့အပြင် donkey vote, hustings, incumbency နဲ့ pork barrelling ဆိုတဲ့ စကားစုတွေဟာ ရွေးကောက်ပွဲ ကာလမှာ ကြားရတတ်တဲ့ စကားစုတွေဖြစ်တဲ့အတွက် ဒီကာလမှာ အဲဒါတွေနဲ့ ရင်းနှီးမှုတွေ ရှိအောင် လုပ်ထားနိုင်ရင် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။
အဲဒီစကားစုတွေက ဘယ်ကနေ ဘယ်လို ဆင်းသက်လာသလဲဆိုတာ လေ့လာကြရအောင်။