Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ကန်ရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြင့်ရေး ပြောဆိုချက်ကို ဩစီပယ်ချ

Australian Prime Minister Antony Albanese
Prime Minister Anthony Albanese Source: AAP / AAP Image/Mick Tsikas

ဩစတြေးလျအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြင့်သင့်တယ်လို့ အမေရိကန်နိုင်ငံက ပြောဆိုတာကို ဩစတြေးလျအစိုးရက ပယ်ချလိုက်ပါတယ်။


Published

By Ewa Staszewska, Tee Mitchell

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ဩစတြေးလျအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြင့်သင့်တယ်လို့ အမေရိကန်နိုင်ငံက ပြောဆိုတာကို ဩစတြေးလျအစိုးရက ပယ်ချလိုက်ပါတယ်။


စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ Shangri-la defence forum မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Pete Hegseth က အာရှ ပစိဖိတ် ဒေသက နိုင်ငံတွေအနေနဲ့ သူတို့ နိုင်ငံ၇ဲ့ နိုင်ငံတော်ဝင်ငွေ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် တိုးမြင့် သုံးစွဲသင့်တယ်လို့ မှတ်ချက်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အာရှ ပစိတ်ဖိတ် ဒေသမှာ လွမ်းမိုးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် အာရှ ပစိဖိတ် နိုင်ငံတွေအနေနဲ့ ပြင်ဆင်မှုလုပ်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ နျူကလီးယားလက်နက်တွေ၊ အခြား အကြီးစား လက်နက်တွေ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားမှုတွေကြောင့် ဒေသတွင်းအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာနေတယ် ဆိုတဲ့ သဘောမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီက အမေရိကန်ရဲ့ တိုက်တွန်းချက်အတိုင်း ကာကွယ်ရေးအတိုးစရိတ်ကို တိုးမြင့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဩစတြေးလျရဲ့ ကာကွယ်ရေးစရိတ်ဟာ အခုလောလောဆယ် နိုင်ငံတော် ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅၆ ဘီလီယံရှိပါတယ်။ ၂၀၃၄ ခုနှစ်လောက်ကြရင် ဩစတြေးလျရဲ့ ကာကွယ်ရေးအသုံးစရိတ်က နိုင်ငံတော် ဝင်ငွေရဲ့ ၂.၃၅ ရာခိုင်နှန်း ဖြစ်လာမယ်လို့ ပြောပါတယ်။

အတိုက်အခံ ပါတီရဲ့ ငွေရေးကြေးရေး ဆိုင်ရာ ပြောခွင့်ရသူ James Paterson က အဲဒီနှုန်းက လုံလောက်မှု မရှိဘူးလို့ Sky News နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now