Key Points
- Every state operates its own public transport network, so rules and rates differ
- Pre-paid smartcards are available in all major cities and payment options may include contactless bank card transactions
- Ticketing compliance and safety are checked by staff and the use of CCTV cameras in all transport networks
- Is public transport available anywhere in Australia?
- What is the pre-paid card for public transport in the city I live in?
- How do I use a smartcard?
- Can I pay with my bank card for public transport in Australia?
- What can authorised officers check for in stations and on board?
- What are some public transport offences?
- What happens if I get a fine?
- What is the etiquette for using public transport in Australia?
- Do I have to keep quiet when using public transport in Australia?
Iသင်အလုပ်ကို ဘယ်လိုသွားပါသလဲ?
ဩစတြေးလျ စာရင်းအင်းဌာန (ABS) က ၁၉၇၆ ခုနှစ်ကတည်းက သန်းခေါင်စာရင်း ကောက်ယူတိုင်း ဒီမေးခွန်းကို ထည့်မေးခဲ့တာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၅ ခုစာလောက်အထိ "ကိုယ်ပိုင်ကား မောင်းသွားတယ်" ဆိုတဲ့ အဖြေက နံပါတ် (၁) နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံသား ၄ ယောက်မှာ ၁ ယောက်ပဲ နေ့စဉ်သွားလာရေးအတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို သုံးကြတဉ်လို့ ခန့်မှန်းထားကြပါတယ်။ မြို့ပြနဲ့ ဝေးလံတဲ့ ဒေသတွေမှာတော့ ဒီဝန်ဆောင်မှုတွေက အကန့်အသတ် ရှိနိုင်ပါတယ်။
ဒါပေမဲ့ လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာတော့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်က သွားလာရေးကို ပိုမြန်စေတယ်၊ ပိုသက်သာတယ်၊ ပိုပြီးတော့လည်း အဆင်ပြေစေ နိုင်ပါတယ်။ မြို့ကြီးအတော်များများမှာ စမတ်ကတ် (Smart Card) စနစ်နဲ့ ငွေပေးချေမှုကို သုံးကြပါတယ်။

ဆစ်ဒနီတက္ကသိုလ်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး လေ့လာမှု အဖွဲ့အစည်းက ပါမောက္ခ John Nelson က ဩစတြေးလျတစ်ဝှမ်းက ဒီစနစ်တွေအကြောင်းကို အခုလို ရှင်းပြထားပါတယ်။
"ဆစ်ဒနီမှာဆိုရင် Opal ကတ်ကို သုံးပါတယ်။ လက်ရှိမှာ ဆစ်ဒနီမြို့ကြီး ဧရိယာတဝိုက်အတွက် အဓိက သုံးတာပါ။ အနောက်ဩစတြေးလျ (WA) မှာတော့ Smart Rider ကတ်၊ မဲလ်ဘုန်းမှာဆိုရင် Myki ကတ်၊ ဘရစ်စဘိန်းနဲ့ ကွင်းစလန်း အရှေ့တောင်ဘက်ပိုင်းမှာဆိုရင်တော့ Go card လို့ ခေါ်တဲ့ စမတ်ကဒ်ကို သုံးကြပါတယ်။"
- Opal card for Sydney
- Myki for Melbourne
- go card for Brisbane
- SmartRider for Perth
- metroCARD for Adelaide
- GreenCard for Hobart
- Tap and Ride Card for Darwin
- MyWay for Canberra
စမတ်ကတ် စနစ်တွေက သုံးရတာ လွယ်ကူတယ်လို့ ပါမောက္ခ Nelson က ပြောပါတယ်။
"ဒီကတ်တွေက ခရက်ဒစ်ကတ် (Credit Card) အရွယ်အစားလောက်ပဲ ရှိပြီး ငွေကြိုဖြည့်ထားလို့ ရပါတယ်။ ဘတ်စ်ကား၊ ရထား၊ ထရမ် ဒါမှမဟုတ် ဖယ်ရီသင်္ဘောစီးတဲ့အခါ သုံးရတာ အရမ်းရိုးရှင်းပါတယ်။ တချို့နေရာတွေမှာ အတားအဆီး ဂိတ်တံခါးတွေရှိမယ်၊ အဲဒီမှာ ကတ်ကို ထိ (Tap) လိုက်ရင် တံခါးပွင့်သွားပါလိမ့်မယ်။ တချို့နေရာတွေမှာတော့ ကတ်ဖတ်တဲ့စက် (Card Reader) ရှိတဲ့ တိုင်လေးတွေမှာ Tap On (အဝင်ထိခြင်း) နဲ့ Tap Off (အထွက်ထိခြင်း) လုပ်ပေးရုံပါပဲ။"

"ဒီစနစ်က သင်စီးသမျှ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အမျိုးအစားအားလုံးကို တွက်ချက်ပေးပါတယ်။ နေ့စဉ်အတွက် သတ်မှတ်ထားတဲ့ အမြင့်ဆုံးနှုန်းကို ရောက်သွားပြီဆိုရင် ကျန်တဲ့တစ်နေ့လုံး အခမဲ့ စီးလို့ရပါတယ်။ တစ်ပတ်စာဆိုရင်လည်း Opal မှာ သင်ဘယ်လောက်ပဲ သွားသွား ၅၀ ဒေါ်လာထက် ပိုမပေးရတော့ဘူး။"
ဒါပေမဲ့ သင်နေထိုင်တဲ့ ပြည်နယ် သို့မဟုတ် သွားရောက်လည်ပတ်မယ့် နေရာရဲ့ စည်းကမ်းတွေကို အမြဲစစ်ဆေးဖို့ မမေ့ပါနဲ့။ ဥပမာ- ဗစ်တိုးရီးယားပြည်နယ်ရဲ့ နယ်မြို့တချို့မှာဆိုရင် စက္ကူလက်မှတ် ဒါမှမဟုတ် အွန်လိုင်းလက်မှတ် (e-ticket) တွေကို ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပါတယ်။ အနောက်ဩစတြေးလျ (WA) လို နေရာမျိုးမှာတော့ လက်မှတ်ဝယ်ဖို့ ငွေသားကို သုံးလို့ရပါသေးတယ်။
အခုနောက်ပိုင်းမှာတော့ ဘဏ်ကတ် (Bank Card) ကို စက်မှာ တိုက်ရိုက်ထိပြီး ငွေပေးချေလို့ ရတဲ့စနစ် (Contactless) တွေလည်း ခေတ်စားလာပါပြီ။ Howard Collins ကပဲ အခုလို ဆက်ပြောပြပါတယ်။
အခုဆို လူအတော်များများက ကိုယ်ပိုင် ဘဏ်ကတ်တွေကို သုံးနေကြပါပြီ။
" ကျွန်တော်တို့ဆီမှာဆိုရင် ငွေပေးချေမှုရဲ့ ၆၀ ရာခိုင်နှုန်းက ဘဏ်ကတ်တွေနဲ့ ပေးချေကြတာပါ။ တချို့က လက်ပတ်နာရီ ဒါမှမဟုတ် ဖုန်းထဲကနေ ပေးချေကြပါတယ်။ မြို့တိုင်းမှာတော့ ဒီစနစ် မရှိသေးပါဘူး။"
တကယ်လို့ တစ်ခုခု အမှားအယွင်းဖြစ်ခဲ့ရင် (ဥပမာ- ကတ်ထိဖို့ မေ့သွားတာ၊ ကတ်မှားသုံးမိတာ ဒါမှမဟုတ် စက်ပျက်နေတာမျိုး) ဆိုရင် ဝန်ထမ်းတွေကို အသိပေးပါ၊ ဒါမှမဟုတ် သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေမှာ ဘာဆက်လုပ်ရမလဲဆိုတာကို ရှာဖွေကြည့်ရှုနိုင်ပါတယ်။
လက်မှတ်စစ်တဲ့အခါမှာတော့ တရားဝင်ခွင့်ပြုထားတဲ့ အရာရှိတွေက သူတို့ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြသပြီး သင့်ရဲ့ စမတ်ကတ် ဒါမှမဟုတ် ဘဏ်ကတ်ကို စက်နဲ့ စစ်ဆေးပါလိမ့်မယ်။ ဘဏ်ကတ်ကို စစ်ဆေးတဲ့အခါမှာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သူတို့ မမြင်နိုင်ပဲ လက်မှတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာသာ မြင်မှာ ဖြစ်တယ်လို့ Mr. Collins က ဆိုပါတယ်။
"သူတို့က သင့်ရဲ့ ဘဏ်အချက်အလက်တွေကို ကြည့်လို့မရပါဘူး။ သင် ဘယ်နေရာမှာ ကတ်ထိခဲ့လဲ၊ ငွေပေးချေမှု ပြီးမြောက်သလား ဆိုတာကိုပဲ သိနိုင်တာပါ။ ဒါကြောင့် နေရပ်လိပ်စာတို့၊ တခြား ကိုယ်ရေးအချက်အလက်တို့ ပေါက်ကြားမှာကို စိုးရိမ်စရာ မလိုပါဘူး။"

ကျောင်းသားတွေ၊ ပင်စင်စားတွေနဲ့ တချို့ ဗီဇာကိုင်ဆောင်ထားသူတွေအတွက် လျှော့စျေး (Concession fare) ရနိုင်၊ မရနိုင်ကိုလည်း စစ်ဆေးသင့်ပါတယ်။ လျှော့စျေးသုံးမယ်ဆိုရင် သက်သေခံကတ်ပြားကို အမြဲဆောင်ထားဖို့ လိုပါတယ်။ ပြည်နယ်တစ်ခုနဲ့တစ်ခု စည်းကမ်းမတူတာကို သတိပြုပါ။
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးမှာ ဒဏ်ရိုက်ခံရနိုင်တဲ့ အချက်တွေကတော့ လက်မှတ်မပါဘဲ စီးတာ၊ လျှော့စျေးကတ် အထောက်အထား မပြနိုင်တာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ ထိုင်ခုံပေါ် ခြေထောက်တင်ခြင်း စတဲ့ အပြုအမူပိုင်းဆိုင်ရာတွေကြောင့် ဒဏ်ကြေး ပေးဆောင်ရနိုင်ပါတယ်။
တကယ်လို့ သင်က မတရား ဒဏ်ရိုက်ခံရတယ်လို့ ယူဆရင် ဥပဒေကြောင်းအရ အကြံဉာဏ်ရယူနိုင်သလို၊ သက်ဆိုင်ရာ ဌာနကိုလည်း အယူခံဝင် (Dispute) နိုင်ပါတယ်။ ဒဏ်ငွေကို မပေးဘဲ ထားလိုက်မယ်ဆိုရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။ အနောက်ဩစတြေးလျ (WA) က Charlotte Hayes က အခုလို သတိပေးထားပါတယ်။
- travelling without a valid ticket, or
- without proof of your concession entitlement
- smoking and drinking alcohol
- putting your feet on the seat
အရေးပေါ်အခြေအနေတွေ ဒါမှမဟုတ် ခရီးစဉ်တွေ ကြန့်ကြာနေတဲ့အခါမှာ ဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။ အကူအညီလိုအပ်ရင် ရထားပေါ် ဒါမှမဟုတ် ဘူတာက အရေးပေါ် အကူအညီတောင်းတဲ့နေရာ (Help points) တွေကို သုံးနိုင်ပါတယ်။ ဩစတြေးလျရဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေမှာ CCTV တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ အမြဲရှိနေပါတယ်။
လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တာရှိရင် ဝန်ထမ်းတွေကို ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်ကြောင်း Ms. Hayes က ပြောပါတယ်။
ဒါ့အပြင် မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွန်းလှည်းပါတဲ့ မိဘတွေအတွက် ဦးစားပေးထိုင်ခုံတွေနဲ့ အတက်အဆင်း လွယ်ကူတဲ့ စနစ်တွေကိုလည်း စီစဉ်ပေးထားပါတယ်။
နောက်ဆုံးအနေနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနဲ့ ဆိုင်တဲ့ ယဉ်ကျေးမှု (Etiquette) အကြောင်း ပြောပြချင်ပါတယ်။ အလုပ်တက်၊ အလုပ်ဆင်းချိန်တွေမှာ လူအရမ်းများတတ်တဲ့အတွက် ရထားပေါ်ကလူတွေ အရင်ဆင်းပြီးမှ တက်တာမျိုးကို လုပ်ဆောင်သင့်ပါတယ်။ ယာဉ်မောင်းကို အာရုံမနောက်အောင် နေထိုင်တာတွေနဲ့ လိုအပ်တဲ့သူကို ထိုင်ခုံဖယ်ပေးတာမျိုးကတော့ အခြေခံ ယဉ်ကျေးမှုတွေ ဖြစ်ပါတယ်။
အသံဆူညံမှုနဲ့ ပတ်သက်လို့တော့ ပါမောက္ခ Nelson က အခုလို အကြံပြုထားပါတယ်။
"တိတ်ဆိတ်စွာ စီးနင်းရမယ့် ရထားတွဲ (Quiet carriage) တွေမှာဆိုရင် အသံကျယ်ကျယ် စကားမပြောရပါဘူး၊ ဖုန်းပြောတာမျိုး မလုပ်ရဘူးဆိုတာ သိထားရပါမယ်။ အဲဒီမှာ ဆိုင်းဘုတ်တွေလည်း ကပ်ထားသလို ကြေညာချက်တွေလည်း ထုတ်ပြန်ပေးပါတယ်။ တကယ်လို့ သင်က အသံကျယ်နေရင် ဘေးကလူက 'ဒါ တိတ်ဆိတ်ရမယ့် ရထားတွဲပါ' လို့ လာပြောရင်လည်း အံ့သြမနေပါနဲ့။"
အနောက်ဩစတြေးလျက Ms. Hayes ကလည်း အခုလို ဖြည့်စွက်ပြောပါတယ်။
"နားကြပ်တပ်ထားပေမဲ့ အပြင်ကို အသံတွေ အကျယ်ကြီး ထွက်နေတာမျိုးက မကောင်းပါဘူး။ လူတိုင်းက သင်နားထောင်နေတဲ့ သီချင်း ဒါမှမဟုတ် Podcast တွေကို နားထောင်ချင်မှ နားထောင်ချင်ကြမှာပါ။ ဒါတွေကတော့ အများနဲ့ သွားလာတဲ့အခါ ရှိသင့်တဲ့ အခြေခံ ယဉ်ကျေးမှုတွေ ပါပဲ။"
Subscribe to or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.
Do you have any questions or topic ideas? Send us an email to australiaexplained@sbs.com.au











