Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

အတိုးနှုန်းက နှစ်သစ်ကူးတဲ့အထိ တက်နေမယ်လို့ ဩစတြေးလျ ဗဟိုဘဏ်ဆို

RBA GOVERNOR PHILIP LOWE PRESSER
Governor of the Reserve Bank of Australia Philip Lowe addresses media a press conference in Sydney, Tuesday, May 3, 2022. (AAP Image/Pool, Louie Douvis) NO ARCHIVING Credit: LOUIE DOUVIS/AAPIMAGE

ဩစတြေးလျနိုင်ငံ ဗဟိုဘဏ်ရဲ့ အကြီးအကဲ ဖိလစ် လိုဝီ ရဲ့ ခန့်မှန်းချက်အရ ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းတိုးမြင့်မှုတွေက နှစ်သစ်အထိ ဆက်လက် ဖြစ်ပေါ်ဖို့ ရှိတယ်လို့ ပြောပါတယ်။ ဆိုလိုတာကတော့ လုပ်အားခလစာ တိုးမြင့်ဖို့ ထပ်စောင့်ရမယ့် သဘောဖြစ်ပါတယ်။


Published

By Krishani Dhanji

Source: SBS


Share this with family and friends


ဩစတြေးလျနိုင်ငံ ဗဟိုဘဏ်ရဲ့ အကြီးအကဲ ဖိလစ် လိုဝီ ရဲ့ ခန့်မှန်းချက်အရ ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းတိုးမြင့်မှုတွေက နှစ်သစ်အထိ ဆက်လက် ဖြစ်ပေါ်ဖို့ ရှိတယ်လို့ ပြောပါတယ်။ ဆိုလိုတာကတော့ လုပ်အားခလစာ တိုးမြင့်ဖို့ ထပ်စောင့်ရမယ့် သဘောဖြစ်ပါတယ်။


အကြောင်းရင်းကတော့ ငွေကြေးဖောင်းပွမှုဟာ လူတွေ ငွေကြေးသုံးစွဲမှုများလို့ဖြစ်ပြီး ငွေကြေးဖောင်းပွနေတဲ့ကာလမှာ လစာတိုးလိုက်ရင် ငွေပိုသုံးကြပြီး ငွေလည်ပတ်မှု ပိုများတာမျိုး ဖြစ်လေ့ရှိတဲ့အတွက် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တဲ့ကာလမှာ လစာတိုးမြင့်ပေးဖို့ ခက်ခဲမယ့် သဘောဖြစ်ပါတယ်။

ဩစတြေးလျ ဗဟိုဘဏ်ရဲ့ အတိုးနှုန်း ၀.၀၁ အထိ စံချိန်တင် ကျဆင်းရာကနေ အခုဆိုရင် တစ်နှစ်ပြည့်ခင် ကာလအတွင်း၂.၃၅% အထိ တက်လာတာ ဖြစ်ပါတယ်။

ဗဟိုဘဏ် အကြီးအကဲရဲ့ အဆိုအရ ရေတိုကာလမှာ အတိုးနှုန်းက ထပ်တက်ဖို့ ရှိနေပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ ဆက်တက်ဖို့ လိုအပ်တဲ့အနေအထား ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ငွေကြေးဖောင်းပွဲမှုက သူတို့ရည်ရွယ်တဲ့ အနေအထားရောက်ဖို့ နီးစပ်လာတဲ့အတွက် သိပ်မကြာခင်မှာ အတိုးနှုန်း အလျင်အမြန်နှုန်းနဲ့ တက်နေတာမျိုး မဖြစ်အောင် ဆောင်ရွက်နိုင်မယ်လို့ မျော်လင့်မိတယ်လို့ ပြောပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now