SKIP TO MAIN CONTENT

ဘာကြောင့်ဒုက္ခသည်များဆိုင်ရာ သတင်းပတ် ကျင်းပကြသလဲ

World Refugee Day
Source: Getty Images

ဒီသတင်းပတ်ဟာ ဒုက္ခသည်များဆိုင်ရာ သတင်းပတ်ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်က healing ကုစားခြင်း ဖြစ်ပါတယ်။


Published

Source: SBS


Skip to podcast episode content

ဒီသတင်းပတ်ဟာ ဒုက္ခသည်များဆိုင်ရာ သတင်းပတ်ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်က healing ကုစားခြင်း ဖြစ်ပါတယ်။


နှစ်စဥ်နှစ်တိုင်း လူပေါင်း သန်းနဲ့ချီဟာ သူတို့နေအိမ်ကနေ စွန့်ခွာပြီး ဘေးကင်းရာကို ပြောင်းရွေ့နေထိုင်မှု လုပ်ကြရပါတယ်။ ဒီနှစ်အထိ လုံခြုံဘေးကင်းဖို့အတွက် နေရာပြောင်းရွှေ့မှု လုပ်ရသူပေါင်းက ၈၁ သန်းကျော် ရှိသွားပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သန်း ၄၀ ကျော်ကနေ အလျင်အမြန်နည်းနဲ့ သန်း ၈၀ ကျော် ဖြစ်သွားတာပါ။ မြန်မာနိုင်ငံနဲ့ ယူကရိန်းနိုင်ငံမှာ ဖြစ်နေတဲ့ စစ်မျိုးတွေဟာလည်း နေရပ်စွန့်ခွာမှုကို အများကြီး ဖြစ်စေနိုင်ပါတယ်။

Refugee Weekဒုက္ခသည်များနေ့ကို ဩစတြေးလျက ဇွန်လ ၂၀ ရက်ပါဝင်တဲ့ သတင်းပတ်မှာ တနင်္ဂ‌ေနွကနေ စနေနေ့အထိ ကျင်းပလေ့ရှိတာကြောင့် ဒီတစ်နှစ်မှာတော့ ဇွန် ၁၉ ရက်ကနေ ၂၅ ရက်အထိ ကျင်းပတာ ဖြစ်ပါတယ်။

ပထမဆုံးသော ဒုက္ခသည်များဆိုင်ရာ သတင်းပတ်ကို ဆစ်ဒနီ့မှာ ၁၉၈၆ ခုနှစ်တုန်းက Austcareကနေ စတင်ကျင်းပလာတာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ Refugee Council of Australia (RCOA) က စီစဥ်သူ ဖြစ်လာပါတယ်။

ဩစတြေးလျနိုင်ငံက သာမာန်လူတွေနဲ့ ဒုက္ခသည်အဖြစ် ရောက်လာသူတွေအကြား အပြန်အလှန် တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင် ဒီနိုင်ငံကို ရွေ့ပြောင်းနေထိုင်တဲ့ ဒုက္ခသည်တွေဟာလည်း ဒီက လူမှုအသိုင်းအဝိုင်းကို အများကြီး အကျိုးပြုတဲ့အကြောင်းကို မီးမှောင်းထိုးပြတဲ့ သတင်းပတ်ဖြစ်ပါတယ်။

နှစ်စဥ် ဆောင်ပုဒ်ကို ပြောင်းပြီး ဒုက္ခသည်များ သတင်းပတ်ကို ကျင်းပတာဖြစ်လို့ ဒီနှစ်ရဲ့ ဆောင်ပုဒ်က ကုစားခြင်းဖြစ်ပါတယ်။ ကမ္ဘတလွှားကနေ လာကြတဲ့ ဒုက္ခသည်တွေဟာ ဒုက္ခအမျိုးမျိုးကြားကနေ လာကြတာဖြစ်ပြီး ခံနိုင်ရည်ရှိသူတွေလည်း ဖြစ်ကြပါတယ်။

ဩစတြေးလျကို စရောက်တဲ့နေ့ကစပြီး ကုစားမှုကို စတင်ကြရတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ဆက်ဆံပြောဆိုမှုလုပ်ခြင်း အကြောင်းအရာတွေကို ဖလှယ်ကြခြင်းနဲ့ နားလည်မှုရရှိခြင်းတွေက အကောင်းဆုံးသော ကုစားမှုတွေ ဖြစ်ပါတယ်။

ဒီလို သတင်းပတ်နဲ့ ဆက်စပ်ပြီး ဘယ်လို ခံစားရသလဲ၊ ဘယ်လို ကွာခြားမှုရှိသလဲ ဆိုတဲ့အကြောင်း ကရင်နီဒေသမှာ ကျောင်းဆရာလုပ်ခဲ့ဖူးသူ ဆရာဩဂုတ်စတီးနိုကို မေးမြန်းတဲ့အခါမှာ သူက အခုလို ပြောပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now