Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

SBS က ဘာသာစကားပေါင်းစုံ ဝန်ဆောင်မှုကို ပြန်လည်ဆန်းစစ်မှုလုပ်နေ

SBS Radio
SBS Radio Source: SBS

SBS အနေဖြင့် မိမိရဲ့ ဘာသာပေါင်းစုံ ဝန်ဆောင်မှုဌာနနဲ့ ပတ်သက်ပြီး ပြန်လည်ဆန်းစစ်မှု လုပ်နေပါတယ်။ ဒီနှစ်ဟာ SBS အနေနဲ့ အသံထုတ်လွှင့်လာတာ နှစ်ပေါင်း ၅၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။


Published

Updated

By Gareth Boreham

Presented by Mu Laing Thein

Source: SBS


Share this with family and friends


SBS အနေဖြင့် မိမိရဲ့ ဘာသာပေါင်းစုံ ဝန်ဆောင်မှုဌာနနဲ့ ပတ်သက်ပြီး ပြန်လည်ဆန်းစစ်မှု လုပ်နေပါတယ်။ ဒီနှစ်ဟာ SBS အနေနဲ့ အသံထုတ်လွှင့်လာတာ နှစ်ပေါင်း ၅၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။


သန်းခေါင်စာရင်းနဲ့ ကိုက်ညီအောင် SBS က ၅ နှစ်မှာ တစ်ကြိမ် မိမိရဲ့ ဝန်ဆောင်မှုကို ပြန်လည်ဆန်းစစ်မှု လုပ်တာဖြစ်ပြီး သန်းခေါင်စာရင်းမှာ ဖော်ပြတဲ့ အချက်အလက်တွေကို ကိုးကားပြီး ဘယ်လို အစီအစဉ်မျိုး ထုတ်လုပ်သင့်တယ်၊ ဘယ်ဘာသာစကားတွေ ထည့်သွင်းသင့်သလဲ ဆိုတာကို ဆန်းစစ်သွားဖို့ ဖြစ်ပါတယ်။

 

SBS အနေနဲ့ ၁၉၇၅ ခုနှစ်တုန်းက အင်္ဂလိပ်မဟုတ်တဲ့ တခြားဘာသာစကားနဲ့ စတင်တုန်းက ဘာသာစကား ၈ မျိုးနဲ့သာ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲလို အသေးအဖွဲနဲ့ စတင်နိုင်ခဲ့တာတောင် လူတွေ ပျော်မဆုံး ဖြစ်ခဲ့ကြတယ်လို့ SBS ရဲ့ Audio and Language Content Director David Hua က ပြောပါတယ်။

တူရကီလူမျိုး ထရပ်ဒါရိုက်ဘာတစ်ဦး သြစတြေးလျနိုင်ငံ မီဒီယာလောကမှာ သူ့မိခင် စကားနဲ့SBS Radio အစီအစဉ်ကို ပထမဆုံးအကြိမ် ကြားဖူးတဲ့အခါမှာ  ထရပ်ကားပေါ်ကနေ ဆင်းလာပြီး ပျော်လွန်းလို့ လမ်းဆုံမှာ ကခုန်ခဲ့တယ်လို့ ပြောပါတယ်။

နောက်နှစ်ပေါင်း ၄၆ နှစ်အကြာမှာတော့ SBS အနေနဲ့ ဘာသာစကားအမျုးိပေါင်း ၆၀ ကျော်နဲ့ ထုတ်လွှင့်ပြီး ရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်း စသည်ဖြင့် ပလက်ဖောင်းပေါင်းစုံကနေ ထုတ်လွှင့်ဖော်ပြနေတာ ဖြစ်ပါတယ်။

နှစ်တွေ ကြာလာပေမယ့် SBS ရဲ့ ရည်ရွယ်ချက်က ပြောင်းလဲမသွားပဲ သြစတြေးလျနိုင်ငံက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံလူတွေ၊ ဘာသာစကားပေါင်းစုံနဲ့ လိုအပ်တာတွေ၊ သိသင့်တာတွေကို သိစေဖို့အတွက် ဝန်ဆောင်မှု ပေးဖို့သာ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။

 

David Hua ပြောတာက ဆန်းစစ်မှု လုပ်ရာမှာ အများပြည်သူလည်း ပါဝင်နိုင်အောင် မှတ်ချက်တွေ ပြုနိုင်ဖို့ ၆ ပတ်ကြာ အချိန်ပေးထားပြီး SBS ရဲ့ ရွေးချယ်မှု စံနှုန်း selection criteria တွေက ဘာဖြစ်သင့်သလဲဆိုတာကို လူတွေအနေနဲ့ မိမိရဲ့ အမြင်သဘောထားတွေ ဖော်ပြနိုင်စေဖို့ ဖြစ်ပါတယ်။

Federation of Ethnic Communities' Councils of Australia အကြီးအကဲဖြစ်သူ Mohammad Al-Khafaji ရဲ့ အဆိုအရ ဒီလို ဆန်းစစ်မှုလုပ်တဲ့အခါ လူဦးရေနည်းတဲ့ လူမှုအသိုင်းအဝိုင်းအသစ်တွေကိုပါ ထည့်တွက်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

နားဆင်နိုင်ပါပြီ။ 

 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now