အခြေချနေထိုင်ခြင်း လမ်းညွန် - တရုတ်နှစ်သစ်ကူး

Lion dancers perform during the Georges River Lunar New Year Festival in Sydney,

Lion dancers perform during the Georges River Lunar New Year Festival in Sydney, Source: Getty Images

တရုတ်နှစ်သစ်ကူးဆိုတာ သြစတြေးလျံရဲ့ ရိုးရာမှာ နှစ်ပေါင်းများသွာ စိမ့်ဝင်ပါဝင်လာတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးဟာဆိုရင် အာရှတိုက် ပြင်ပမှာ အရှည်ကြာဆုံး ကျင်းပလာတဲ့ ပွဲတော် ဖြစ်ပါတယ်။


တရုတ်နှစ်သစ်ကူးရဲ့ မူလအစက ဘာလဲ၊ သြစတြေးလျနိုင်ငံမှာ ဘယ်လို ကျင်းပကြသလဲ ဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ 

ဒီနှစ်အတွက် တရုတ်နှစ်သစ်ကူးနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်ပါတယ်။ ဒီနှစ်ဟာ ကျားနှစ် ဖြစ်ပါတယ်။ 

Pan Wang  ဟာ University of New South Wales. က တရုတ်နဲ့ အာရှဆိုင်ရာ ဘာသာရပ်ကို သင်ကြားပေးသူ တစ်ဦး ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးကို ၁၅ ရက်ကြာ ကျင်းပလေ့ ရှိတယ်လို့ သူက ရှင်းပြပါတယ်။ 

  

ဒီပွဲတော်ကို ကျင်းပလာတာ နှစ်ပေါင်း ၄၀၀၀ လောက်ရှိပြီး Xia ဒါမှမဟုတ် Shang မင်းဆက်ကတည်းက ကျင်းပလာတာ ဖြစ်တယ်လို့ ပြောပါတယ်။ 

Dr Kai Zhang ကတော့ သြစတြေးလျံ အမျိုးသား တက္ကသိုလ်က School of Culture, History and Language မှာ မောဒန် တရုတ်ဘာသာစကား အစီအစဉ်မှာ ပါဝင်သူ ဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကတော့ ကမာ္ဘတလွှားက လူတွေအတွက် တရုတ်အကြောင်း၊ တောင်အာရှနဲ့ အရှေ့အာရှရဲ့ ရိုးရာယဉ်ကျေးမှုကို လေ့လာဖို့ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။ 

နှစ်သစ်ကူးရဲ့ ၁၅ ရက်မြောက်နေ့မှာ မီးထွန်းပွဲတော်ကို ကျင်းပလေ့ရှိတယ်လို့ Dr Kai Zhang က ပြောပါတယ်။ 

သြစတြေးလျနိုင်ငံမှာ တရုတ်နှစ်သစ်ကူးကို နည်းပေါင်းစုံနဲ့ ကျင်းပကြတယ်လို့ Dr Wang က ပြောပါတယ်။ 

  

မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဖက်ထုတ်စားကြပါတယ်။ တရုတ်လူမှုအသိုင်းအဝိုင်းမှာတော့ တရုတ်ရဲ့ ရိုးရာယဉ်ကျေးမှုကို သိနားလည်ကြအောင် လှုပ်ရှားမှုတွေ workshop တွေ လုပ်ပေးကြပါတယ်။ ခြင်္သေ့အကတွေ၊ နဂါးအကတွေ ဖျော်ဖြေကြပြီး အနီရောင်ကို အင်မတန်ကံကောင်းတဲ့အရောင်လို့ မြင်ကြပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို စာအိပ်နီလေးတွေနဲ့ မှုန့်ဖိုးပေးတာမျိုးလည်း တရုတ်တို့က လုပ်ဆောင်ကြတယ်လို့ ပြောပါတယ်။ 

Dr Iris Tang ဟာ တရုတ်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး သြစတြေးလျနိုင်ငံကို လွန်ခဲ့တဲ့ နှစ် ၂၀ က ရွှေ့ပြောင်းလာသူ ဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံရဲ့ တရုတ်နိုင်ငံမှာ ကွာခြားချက်ကတော့ တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံမှာ ရက်ရှည် အလုပ်ပိတ်၊ ကျောင်းပိတ်ပေးတဲ့အတွက် သန်းနဲ့ချီတဲ့ လူတွေဟာ သူတို့ရဲ့ မိသားစုတွေနဲ့ပြန်တွေ့ဆုံနိုင်ဖို့ နေရပ်ကို ပြန်ကြတဲ့အချိန်ဖြစ်ပါတယ်။ ဒီနှစ်တွေမှာတော့ ကိုဗစ်ကြောင့် ခါတိုင်းလို လူသန်းနဲ့ချီ သွားလာနိုင်မှာ မဟုတ်ပါဘူး။ 

  

တရုတ်နဲ့ သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်တွေမှာ အစားအသောက်က အရေးပါတဲ့အထဲ ပါဝင်တယ်လို့ ပြောပါတယ်။ 

အစားအသောက်တွေ အများကြီး ပြင်ဆင်ကြပြီး စားပွဲတစ်ခုမှာ ဝိုင်းထိုင်ရင်း ဖက်ထုတ်အခုပေါင်း ရာနဲ့ချီကို နှစ်သစ်မကူးခင်တစ်ရက်မှာ ဝိုင်းလုပ်ကြပါတယ်။ အချိန်ရရင် တစ်ခါစာအတွက်သာမက နောက်လိုတဲ့အခါ စားလို့ရအောင် ရေခဲရိုက်ဖို့အတွက်ပါ ပြင်ဆင်လုပ်ဆောင်လေ့ရှိပါတယ်။  ပွဲက ၁၅ ရက် ကြာတဲ့အတွက် နောက်ရက်အတွက် လုပ်ရတာဖြစ်ပြီး မီးထွန်းပွဲကာလအထိ လကျင်းပကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ 

ဒီနေ့ခေတ် တရုတ်နိုင်ငံမှာ Gregorian calendar အင်္ဂလိပ်ပြက္ခဒိန်ကိုသာ အသုံးပြုတာများပေမယ့် luna calendar ကိုလည်း တရုတ်နိုင်ငံမှာသာမက ပြည်ပက တုတ်တွေလည်း အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။  

အင်္ဂလိပ်ပြက္ခဒိန်ကို အသုံးပြုပေမယ့် ရုံးပိတ်၊ ကျောင်းပိတ်ကာလကတော့ တခြားပြက္ခဒိန်ကို အသုံးပြုကြပြီး အထူးသဖြင့် တရုတ်နှစ်သစ်ကူးပွဲကာလ၊ မီးထွန်းပွဲကာလနဲ့ သချိုင်းကို လှည်းပြီး သန့်ရှင်းရေးလုပ်ကြတဲ့ Qingming ပွဲတွေအတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။ 

အဲဒါ့အပြင် သူတို့ရဲ့ ရိုးရာပြက္ခဒိန်က ဘယ်နေ့မှာ ရက်ရာဇာမို့ မင်္ဂလာဆောင်သင့်တယ်၊ ဘယ်နေ့မှာ အသုဘသဂြိုလ်သင့်တယ်၊ ဘယ်နေ့ အိမ်ရွှေ့သင့်တယ်၊ ဘယ်အချိန်မှာ စီးပွားရေးလုပ်ငန်း စသင့်တယ်ဆိုတာမျိုး ရွေးချယ်နိုင်အောင် လုပ်ဆောင်ပေးတယ်လို့လည်း  Dr Pan Wang က ပြောပါတယ်။ 

  

နှစ်သစ်ကူးနေ့ဟာလည်း တစ်နှစ်နဲ့ တစ်နှစ်မတူပေမယ့် ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီမှာ ကျရောက်လေ့ရှိတယ်လို့ 

Pan Wang က ပြောပါတယ်။ 

ဒီနှစ် နှစ်သစ်ကူးနေ့က ဖေဖော်ဝါရီမှာ ကျရောက်တာပါ။ ဘယ်လမှာပဲ ကျကျ အဲဒီကျတဲ့လဟာ နွေဦးရဲ့အစ၊ နှစ်သစ်ကူးဖြစ်ပါတယ်။ အင်္ဂလိပ်ပြက္ခဒိန်နဲ့ တရုတ်တွေအသုံးပြုတဲ့ ပြက္ခဒိန်က ဘာကွာသလဲဆိုတော့ အင်္ဂလိပ်ပြက္ခဒိန်က နေကို အခြေပြုထားတဲ့ ပြက္ခဒိန်၊ ခရစ်ယာန်ကို အခြေပြုထားတဲ့ပြက္ခဒိန် ဖြစ်တယ်လို့ ပြောပါတယ်။ 

Dr Craig Smith ဟာ မဲလ်ဘုန်းတက္ကသိုလ်က အာရှဌာနမှာ တရုတ်စကား ဘာသာပြန်မှုဆိုင်ရာ အကြီးတမ်း စာပြပုဂ္ဂိုလ် ဖြစ်ပါတယ်။ 

သူဟာ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားမှာ နှစ်အနည်းငယ် နေထိုင်ခဲ့တဲ့အတွက် အဲဒီနိုင်ငံနှစ်ခုလုံးရဲ့ နှစ်သစ်ကူး ကျင်းပပုံကို အမှတ်ရနေဆဲ ဖြစ်ပါတယ်။ 

တောင်ကိုရီးယားရဲ့ နှစ်သစ်ကူးကတော့ ဘိုးဘွားဘီဘင်တွေကို အရိုအသေပေးဖို့ ပိုဆန်တယ်လို့ Dr Smith က ပြောပါတယ်။ 

 နှစ်သစ်ကူးနေ့မှာ လူတိုင်း အိပ်ယာကနိုးတာနဲ့ ကွယ်လွန်သူ ဘိုးဘွားဘီဘင်တွေအတွက် အစားအသောက်တွေ ပြင်ဆင်ပြီး အောက်မေ့မှု ပြုလုပ်ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ကိုးကွယ်ရာ ဘာသာနဲ့ ရောက်ယှက်ပြုလုပ်လာကြပါတယ်။ ဥပမာ ဗုဒ္စဘာသာ မိသားစုတွေက နှစ်သစ်ကူးနေ့မှာ မေတ္တာသုတ်ရွတ်ဆိုတာမျိုး လုပ်ကြတယ်လို့ ပြောပြထားပါတယ်။ 

တရုတ်နှစ်သစ်ကူးမှာ ပြုလုပ်လေ့ရှိတဲ့အရာတွေက တရုတ်နိုင်ငံပြင်ပက သက်ရောက်မှုတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ ဥပမာ နှစ်သစ်ကူးအတွင်းမှာ ကတဲ့ ခြင်္သေ့အက ဖြစ်ပါတယ်။ 

   

 ပညာရှင်တွေက ခြင်္သေ့အက ရိုးရာကို လေ့လာကြတဲ့အခါမှာ အဲဒီရိုးရာအကကို ကျင့်သုံးလာတဲ့ နှစ်ပေါင်း ထောင်နဲ့ချီ ရှိပြီဆိုတာသိရပါတယ်။ တရုတ်နိုင်ငံမှာ အသုံးများတဲ့ ရိုးရာယာဉ်ကျေးမှုတွေ၊ ဘာသာရေး၊ ဂီတနဲ့ အနုပညာတွေဟာ နောက်အာရှနဲ့ အလယ်အာရှနိုင်ငံတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပိုးထည်လမ်းကြောင်းပေါ့။ အဲဒီတော့ ဒီရိုးရာက တရုတ်ပြင်ပကနေ ရောက်လာတဲ့ အနေအထား များပါတယ်။  လူအများအပြားကတော့ အသုံးပြုတဲ့ ဘာသာစကားနဲ့ သမိုင်းတွေကို ကြည့်ပြီး ခြင်္သေ့အကဟာ ပါရှန် ရိုးရာနဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုကြတယ်လို့ ရှင်းပြခဲ့ပါတယ်။ 

တရုတ်တို့ရဲ့ ၁၂ ရာသီခွင်စက်ဝိုင်းဟာ Lunar New Year နဲ့ စတင်ပြီး အဲဒါနဲ့ပဲ အဆုံးသတ်ပါတယ်။ ၁၂ နှစ်စာ ရာသီခွင်အတွက် အကောင်တစ်ကောင်ကို ကိုယ်စားပြုလေ့ရှိပြီး အဲဒီအကောင်တစ်ကောင်ခြင်းစီမှာ ဘာကို ကိုယ်စားပြုသလဲ ဆိုတာမျိုးလည်း သတ်မှတ်ချက် ၇ှိပါတယ်။ 

အစဉ်အလိုက်ပြောရရင် ကြွက်နှစ်၊ နွားနှစ်၊ ကျားနှစ်၊ ယုန်နှစ်၊ နဂါးနှစ်၊ မြွေနှစ်၊ မြင်းနှစ်၊ ဆိတ်နှစ်၊ မျောက်နှစ်၊ ကြက်ဖနှစ်၊ ခွေးနှစ်နဲ့ ဝက်နှစ်တို့ ဖြစ်ပါတယ်။ 

   

  ကျောင်းစိမ်းအင်ပါယာခေတ်မှာ စတင်ပြီး သူက အစည်းအဝေးတစ်ခု ကျင်းပဖို့ ရှိပါတယ်။ တိရိစာ္ဆန် ၁၂ မျိုးကလည်း အဲဒီအစည်းအဝေး တက်ရောက်နိုင်ဖို့ ယှဉ်ပြိုင်မှု လုပ်ခဲ့ကြပါတယ်။ အရင်ဆုံး ဘယ်သူရောက်မလဲ ဆိုတာကို ပြိုင်ကြတာပါ။ အရင်ဆုံး ရောက်သွားတာက ကြွက်ဖြစ်ပြီး ဒုတိယက နွား စသည်ဖြင့် အစဉ်လိုက် ရောက်သွားကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် နှစ်သစ်ကူးအတွက် အကောင်တွေ သတ်မှတ်တဲ့အခါမှာ အဲဒီအတိုင်း သတ်မှတ်လာကြတာလို့ သဏာရီပုံပြင်မှာ ဖော်ပြထားတဲ့အကြောင်း ရှင်းပြပါတယ်။ 

Dr Wang ရဲ့ အဆိုအရ ကျားသတ္တဝါကတော့ အားအင်ရှိမှု၊ ထိန်းချုပ်နိုင်မှုဖြစ်ပါတယ်။ ဒီကပ်ရောဂါ ကာလအတွင်း လိုအပ်တဲ့ အင်အားတွေ ဖြစ်ပါတယ်။ 

 ကျားဆိုတာ ခေါင်းဆောင်မှုသင်္ဂေတ၊ သြဇာသက်ရောက်မှု၊ အာဏာရှိမှုနဲ့ အင်အားရှိမှုကို ကိုယ်စားပြုပါတယ်။ ဒီကပ်ရောဂါ ကာလအတွင်း ကျားရဲ့ အာဏာရှိမှုနဲ့ အင်အားတွေ လိုအပ်ပါတယ်။ အခုခုလောလောဆယ် ကပ်ရောဂါ အခြေအနေက ခန့်မှန်းရခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံအများအပြားမှာ ကိုဗစ်လှုင်းတွေ တစ်ခုထက်မက ကြုံနေကြရပါတယ်။ အကယ်လို့ ကျနော်တို့တတွေသာ ကျားလို ထိန်းချုပ်နိုင်စွမ်းနဲ့ သတ္တိတွေရှိရင် ကျနော်တို့ရဲ့ ကိုယ်ခံအားတွေလည်း ကျန်းမာသန်စွမ်းပြီး အဲဒါတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်တယ်လို့ ရေးထားတဲ့  Chiara Pazzano  ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။ ကျမက မူလှိုင်းသိမ့်ပါ။ 


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now