Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ပြည်ပကနေ လာရောက်အလုပ်လုပ်တဲ့ လူတွေဟာ သြစတြေးလျနိုင်ငံသားတွေလိုပဲ တန်းတူ အခွင့်အရေးရှိ

Migrant workers have the same rights as any Australian citizen

ဒီကနေ့အတွက် သြစတြေးလျနိုင်ငံ အခြေချနေထိုင်ခြင်း လမ်းညွန် အစီအစဉ်အရ ပြည်ပကနေ လာရောက်အလုပ်လုပ်တဲ့လူတွေဟာ သြစတြေးလျနိုင်ငံသားတွေလိုပဲ တန်းတူ အခွင့်အရေးရှိတဲ့အကြောင်းကို တင်ပြမှာဖြစ်ပါတယ်။


Published

Updated

By Amy Chien-Yu Wang

Presented by Mu Laing Thein

Source: SBS



Share this with family and friends


ဒီကနေ့အတွက် သြစတြေးလျနိုင်ငံ အခြေချနေထိုင်ခြင်း လမ်းညွန် အစီအစဉ်အရ ပြည်ပကနေ လာရောက်အလုပ်လုပ်တဲ့လူတွေဟာ သြစတြေးလျနိုင်ငံသားတွေလိုပဲ တန်းတူ အခွင့်အရေးရှိတဲ့အကြောင်းကို တင်ပြမှာဖြစ်ပါတယ်။


စားသောက်ဆိုင်လုပ်ငန်းမှာပဲဖြစ်ဖြစ်တခြားအသေးစားစီးပွားရေးလုပ်ငန်းတွေမှာလုပ်တဲ့လူတွေပဲဖြစ်ဖြစ်အလုပ်ရှင်တွေကသူတို့ရဲ့အလုပ်သမားတွေကိုလုပ်အားခလစာပေးသင့်သလောက်မပေးတဲ့အကြောင်းကိုကျမတို့တတွေမကြာခဏကြားဖူးလေ့ရှိပါတယ်။အမှန်တော့သြစတြေးလျနိုင်ငံမှာအလုပ်လုပ်တဲ့အလုပ်သမားတိုင်းမှာအခွင့်အရေးကိုယ်စီရရှိထားပြီးသားဖြစ်ပြီးလုပ်ငန်းခွင်လုံခြုံရေးအခွင့်အရေး၊လုပ်ငန်းခွင်အခြေအနေနဲ့လုပ်အားခလစာအခွင့်အရေးကအစဥပဒေနဲ့ပြဌာန်းပေးပြီးသားဖြစ်ပါတယ်။အလုပ်ရှင်တွေကနေဥပဒေကိုလေးစားမှုမရှိပဲအခွင့်အရေးချိုးဖောက်နေမယ်ဆိုရင်အလွယ်တကူတိုင်ကြားနိုင်တယ်လို့ဆောင်းပါးရှင် Audrey Bourget and Amy Chien-Yu Wang တို့ကရေးသားထားပါတယ်။ 

သြစတြေးလျနိုင်ငံရဲ့ အနည်းဆုံး တစ်နာရီ လုပ်အားခ လစာက ၁၈.၂၉  စင့် ရှိရမယ်လို့ အစိုးရက သတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။  ကိုယ်က အချိန်ပြည့် ရေရှည်အလုပ်လုပ်တာ မဟုတ်ပဲ အလုပ်ရှင်က လိုအပ်တဲ့အချိန်မှာ အလုပ်လာဖို့ ခေါ်တယ်ဆိုရင်တော့ အဲဒီထက်မက လုပ်အားခလစာ ပိုရရှိရမှာ ဖြစ်ပါတယ်။

The Fair Work Ombudsman အဖွဲ့က သြစတြေးလျနိုင်ငံ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ အချက်အလက်နဲ့ နည်းဥပဒေအကြောင်း ပညာပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now