Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

အခြေချနေထိုင်ခြင်း လမ်းညွန် - အထက်တန်းကျောင်း ရွေးချယ်ခြင်း

Choosing a High School
Students take part in an outdoor class Source: Getty Images/Daniel Pockett

မိမိရဲ့ သား သမီးတွေကို ဘယ်အထက်တန်းကျောင်း ထားရမလဲ ဆိုတာကို ရွေးချယ်တဲ့အခါမှာ မိဘနဲ့ ကလေးတွေအတွက် တခါတရံ စိတ်ဖိစီးမှုများစရာ ဖြစ်နိုင်ပါတယ်။


Published

By Melissa Compagnoni

Presented by Mu Laing Thein

Source: SBS


Share this with family and friends


မိမိရဲ့ သား သမီးတွေကို ဘယ်အထက်တန်းကျောင်း ထားရမလဲ ဆိုတာကို ရွေးချယ်တဲ့အခါမှာ မိဘနဲ့ ကလေးတွေအတွက် တခါတရံ စိတ်ဖိစီးမှုများစရာ ဖြစ်နိုင်ပါတယ်။


စာသင်ကျောင်း တစ်ခုနဲ့ တစ်ခုရဲ့ ကွာခြားပုံကို သိရဖို့ စိန်ခေါ်ချက်တွေ ရှိနိုင်တယ်လို့ Good Education အဖွဲ့ရဲ့ မန်နေဂျာ Ross Whiteက ပြောပါတယ်။  

Good Education Group အဖွဲ့ကနေ  ‘Good Schools Guide’ ဆိုတာကို ထုတ်ဝေခဲ့ပြီး ဩစတြေးလျမှာ ရှိတဲ့ကျောင်းတွေကို မိဘတွေ ယှဥ်ကြည့်နိုင်ဖို့ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ အထက်တန်းကျောင်းတွေဟာ အစိုးရပိုင်ကျောင်း၊ ကက်သလစ်ကျောင်းနဲ့ တခြား တသီးပုဂ္ဂကျောင်း ဆိုပြီး ၃ မျိုး ၃ စားရှိပါတယ်။

တချို့ အစိုးရပိုင် ကျောင်းတွေဟာ ကျောင်းဝင်ခွင့်ရဖို့ အရည်အချင်းစစ်တာမျိုးတွေလုပ်ပြီး သတ်မှတ်တဲ့အမှတ်တွေရမှ ဝင်ခွင့်ပေးတဲ့ elective-entry ကျောင်းတွေ သီးသန့်ရှိသလို တချို့ဆိုရင် စာသင်ကျောင်းထဲမှာပဲ စာတော်တဲ့ ကျောင်းသားတွေအတွက် သီးသန့်အခန်းတွေ ထားရှိပေးတာမျိုးလည်း ရှိပါတယ်။ အဲဒီလို သီးသန့်ကျောင်းတွေနဲ့ အခန်းတွေမှာ နေရာရဖို့ အရည်အချင်းစစ်တာတွေရှိပါတယ်။ 

အထူးပြု ဘာသာရပ်ကိုပဲ သင်ကြားပေးတဲ့ အထူးအထက်တန်းကျောင်းတွေလည်း ရှိပါတယ်။

အဲဒီကျောင်းတွေဟာလည်း ကြိုက်တဲ့လူ တက်နိုင်တဲ့ကျောင်း မဟုတ်ပဲ သူတို့ရဲ့ သတ်မှတ်ချက်တွေကို ပြည့်မှီတဲ့လူတွေကသာ ဝငိခွင့်ရတဲ့ကျောင်းမျိုး ဖြစ်ပါတယ်။

အဲဒါ့အပြင် အစိုးရသာမက ပုဂ္ဂလကျောင်းတချို့ဟာလည်း မသန်စွမ်း ကလေးနဲ့ တခြား ကျန်းမာရေးချို့တဲ့သူ ကလေးတွေနဲ့ ဥဏ်ရည်အခက်အခဲရှိသူတွေအတွက် Special Needs ကျောင်းတွေ ဖွင့်ထားပေးတာမျိုးလည်း ရှိပါတယ်။

နားဆင်နိုင်ပါပြီ။ 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now