တက်စ်မေးနီးယား ပြည်နယ်မှာဆိုရင် ဖုန်းထဲက GPS မြေပုံ စနစ်ကို အသုံးပြုပြီး သွားလာတာဟာ တရားမဝင်ဘူးဆိုတာ သိပါသလား။ ဒါ့အပြင် သင့်ရဲ့ လက်ကို ကားပြတင်းပေါ် တင်ပြီး မောင်းတာဟာလည်း တရားမဝင်ဘူးဆိုတာကို သိပါသလား။
အဲဒီတော့ သြစတြေးလျနိုင်ငံရဲ့ လမ်းစည်းကမ်းကို ချိုးဖောက်တာမျိုး မဖြစ်ရအောင် ဒီဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ညာကွေ့ဖို့ ဘယ်ဖက်မှာ နေပါ ဒါမှမဟုတ် hook turn ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရင် လမ်းဆုံရဲ့ ဘယ်ဖက်စွန်းက လိုင်းမှာ ရပ်နေပြီး traffic light မှာ အစိမ်းရောင် ပြောင်းတာကို စောင့်နေဖို့သာလိုပြီး အစိမ်းရောင်းပြောင်းတဲ့အခါ ညာဖက်ကွေ့ဝင်လိုက်တာနဲ့ သင့်ရဲ့ hook turn က ပြီးသွားမှာ ဖြစ်ပါတယ်။ ထင်သလောက် မခက်ခဲလို့ အဲဒီအတွက် စိတ်ပူပန်နေစရာ မလိုဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။




