Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ရန်ကုန်မှာအိမ်ငှားဈေးနှုန်းတွေအဆမတန်မြင့်တက်နေ

MYANMAR-YANGON-SCENERY

An urban view of Yangon City, Myanmar. Credit: Myo Kyaw Soe/Xinhua via Getty Images

ရန်ကုန်မြို့ပြဟာ မြို့ပြရောင်စုံမီးတွေနဲ့ ပျော်ရွှင်စရာတွေ မျိုးစုံရှိနေကြပေမဲ့ ရန်ကုန်မြို့ရဲ့ မီးရောင်စုံများအောက်မှာ ဖြတ်သန်းနေရတဲ့ သန်းနဲ့ချီတဲ့ လူတွေရဲ့ ဘဝတွေကတော့ မတူညီနေကြပါဘူး။


Published

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS


Share this with family and friends


ရန်ကုန်မြို့ပြဟာ မြို့ပြရောင်စုံမီးတွေနဲ့ ပျော်ရွှင်စရာတွေ မျိုးစုံရှိနေကြပေမဲ့ ရန်ကုန်မြို့ရဲ့ မီးရောင်စုံများအောက်မှာ ဖြတ်သန်းနေရတဲ့ သန်းနဲ့ချီတဲ့ လူတွေရဲ့ ဘဝတွေကတော့ မတူညီနေကြပါဘူး။


ကျပ်ငွေတန်ဖိုး ကျဆင်းမှုဒဏ်ကို ကာကွယ်ဖို့ ကုဋေပေါင်းများစွာတန်သော အိမ်ခြံမြေများကို သိန်းသောင်းချီ၍ ပုံအောဝယ်ယူနေသည့် သူဌေးကြီးများရှိသလို၊ အခြားတဖက်တွင်မူ မိမိတို့၏ ဇာတိမြေ၌ စစ်မီးတောက်များကြောင့် အိုးအိမ်ပိုင်ဆိုင်မှု အားလုံးကို ထားပစ်ခဲ့ရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို လက်ဆွဲကာ မြို့ကြီးများဆီသို့ ရုန်းကန်ပြေးဝင်လာရသည့် စစ်ဘေးရှောင်များ ရှိနေသည်။

ငွေကြေးအများအပြား တက်နိုင်သူတွေက ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်ကြသော်လည်း တချို့ကတော့ ပြည်တွင်း၌ပင် လုံခြုံမှုအရှိဆုံးဟု ယူဆရသည့် ရန်ကုန်၊ မန္တလေး နှင့် ပြင်ဦးလွင် ကဲ့သို့သော မြို့ကြီးများဆီသို့ တဟုန်ထိုး တိုးပွားဝင်ရောက်လာကြခြင်း ဖြစ်သည်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now