SKIP TO MAIN CONTENT

ဩစတြေးလျနိုင်ငံသားဆိုင်ရာ စာမေးပွဲဖြေခွင့်ရဖို့ ၅ နှစ်စောင့်ရမှုတွေရှိ

Citizenship photo.png
Rose Mary and Mary Praymeh receiving their Australian citizenship certificates (Photo supplied)

ကိုဗစ်-၁၉ မတိုင်ခင်ကတည်းက ဩစတြေးလျနိုင်ငံသား လျှောက်လွှာ စိစစ်ရေးတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။


Published

By Mu Laing Thein

Source: SBS


Skip to podcast episode content

ကိုဗစ်-၁၉ မတိုင်ခင်ကတည်းက ဩစတြေးလျနိုင်ငံသား လျှောက်လွှာ စိစစ်ရေးတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။


မြန်မာတချို့ဟာ နိုင်ငံသားလျှောက်လွှာတင်ထားပြီး ၅ နှစ်အကြာမှာတောင် နိုင်ငံသားဆိုင်ရာ စာမေးပွဲဖြေဖို့ ရက်ချိန်းမရသေးတာမျိုး ကြုံတွေ့ရပါတယ်။

နိုင်ငံသားဆိုင်ရာ စာမေးပွဲအောင်ပ်ြီးနောက် နိုင်ငံသားလက်မှတ် ရရှိကြေပမယ့် ခါတိုင်းဆိုရင် တစ်နှစ်မှာမှ နှစ်ကြိမ် ဒါမှမဟုတ် Australia Day လို နေ့ကြီးရက်ကြီးမှ ပေးအပ်လေ့ရှိပေမယ့် ခုဆိုရင် တခြားရက်မှာလည်း ပေးအပ်တာမျိုး လုပ်လာပါတယ်။

စာေင့်ဆိုင်းရသူတွေ များလွန်းလို့ အခုဆိုရင် စာမေးပွဲအောင်ပြီး မကြာခင်မှာပဲ ဆိုင်ရာ ကောင်စီတွေက သူတို့ကောင်စီနယ်အတွင်းက လူတွေကို အခါကြီးရက်ကြီးအထိအချိန်အကြာကြီး မစောင့်ခိုင်းတော့ပဲ နိုင်ငံသားလက်မှတ်တွေကို ပေးအပ်တာမျိုး လုပ်လာပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့မှာ နိုင်ငံသားလက်မှတ် ရရှိသွားတဲ့ ချင်းတိုင်းရင်းသူ ရို့စ်မေရီနဲ့ ကရင်နီ (ကယား) တိုင်းရင်းသူ မေရီ ဖရေမယ် မွန်ဂိုလီတို့ရဲ့ အတွေ့အကြုံ မေးမြန်းထားတာကို နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now