Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

အချုပ်အခြာအာဏာ၊ သဘောတူညီချက်၊ အသိအမှတ်ပြုခြင်း- ဇန်နဝါရီ ၂၆ ရက်က ဘာကြောင့် ဌာနေတိုင်းရင်းသားတွေအတွက် ခက်ခဲတဲ့နေ့ ဖြစ်သလဲ

Watu washiriki katika maandamano ya "siku ya uvamizi" kwenye siku kuu ya Australia mjini Melbourne 26 January, 2018.
Watu washiriki katika maandamano ya "siku ya uvamizi" kwenye siku kuu ya Australia mjini Melbourne 26 January, 2018. Source: Getty

ဇန်နဝါရီလ ၂၆ ရက်နေ့တိုင်းဟာ ၁၇၈၈ ခုနှစ်ကစပြီး သြစတြေးလျနိုင်ငံကို ဗြိတိသျှကိုလိုနီတွေ စတင်ဝင်ရောက်တဲ့နေ့ ဖြစ်ပါတယ်။ ကိုလိုနီစတင်တဲ့ အဲဒီနေ့ကို သြစတြေးလျနေ့ “Australia Day” လို့ သတ်မှတ်တဲ့အပေါ် အမြင်မတူမှုတေါ ရှိပါတယ်။


Published

By Essam Al-Ghalib

Source: SBS



Share this with family and friends


ဇန်နဝါရီလ ၂၆ ရက်နေ့တိုင်းဟာ ၁၇၈၈ ခုနှစ်ကစပြီး သြစတြေးလျနိုင်ငံကို ဗြိတိသျှကိုလိုနီတွေ စတင်ဝင်ရောက်တဲ့နေ့ ဖြစ်ပါတယ်။ ကိုလိုနီစတင်တဲ့ အဲဒီနေ့ကို သြစတြေးလျနေ့ “Australia Day” လို့ သတ်မှတ်တဲ့အပေါ် အမြင်မတူမှုတေါ ရှိပါတယ်။


ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander တွေအတွက်ကတော့ ဇန်နဝါရီလ ၂၆ ရက်နေ့ကို ၁၉ ၃၈ ခုနှစ်ကစပြီး  ဝမ်းနည်းပူဆွေးသောနေ့ ‘Day of Mourning’ အဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အဲဒီနေ့ကို ကျူးကျော်ခံရတဲ့နေ့ ‘Invasion Day’ ဒါမှမဟုတ် ဆက်လက်ရှင်သန်နေထိုင်ရေးနေ့ ‘Survival Day’ အဖြစ် သတ်မှတ်လာကြပါတယ်။

ဇန်နဝါရီလ ၂၆ ရက်အပေါ် ထားရှိတဲ့ အမြင်သဘောထားတွေရဲ့ နောက်ကွယ်မှာ အဓိက အကြောင်းအရာက Sovereignty လို့ခေါ်တဲ့ အချုပ်အခြာ အာဏာ ဖြစ်ပါတယ်။ ဥရောပတိုက်သားတွေ လာရောက်အခြေချမှု မလုပ်ခင်မျာ ရှိနှင့်ပြီးသားဖြစ်တဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှု၊ ပညာရေး၊ဥပဒေ၊ ပေါ်လစီ၊ ကျန်းမာရေး စတဲ့အရာတွေကို အမွှေဆက်ခံပိုင်ခွင့်ရဖို့ ဖြစ်ပါတယ်။

ဌာနေတိုင်းရင်းသားတွေရဲ့ အချုပ်အခြာ အခွင့်အရေးအကြောင်း ပြောဆိုတဲ့အခါမှာ ဘုံအမြင်တွေ ရှိပေမယ့် ဌာနေတိုင်းရင်းသားတွေအကြာ သူတို့ရဲ့ အချုပ်အခြာကို ဘယ်လို မြင့်ကြသလဲဆိုတဲ့အပေါ်မှာ အမြင်တွေ ကွဲလွဲတာမျိုး ရှိပါတယ်။

 

သြစတြေးလျနိုင်ငံမှာ ဌာနေတိုင်းရင်းသားတွေကို အသိအမှတ်ပြုဖို့၊ သဘောတူညီချက်ရေထိုးဖို့၊ အသံတွေနားထောင်ဖို့နဲ့ အမှန်တရားအတိုင်း လုပ်ဆောင်ဖို့ စတင်လာမှုတွေ ရှိပါတယ်။

 

ကွဲလွဲတဲ့အမြင်တွေကနေ ဘယ်လိုနည်းနဲ့ ဌာနေတိုင်းရင်းသားတွေကို အသိအမှတ်ပြုသွားမလဲ ဆိုတဲ့ ပုံစံတွေလည်း ပေါ်ပေါ်လာပါတယ်။

 

‘Recognition’ အသိအမှတ်ပြုခြင်း

အသိအမှတ်ပြုနိုင်တဲ့ နည်းလမ်းတွေထဲက ကမ်းလှမ်းချက်တစ်ခုကတော့ သြစတြေးလျနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပြောင်းအလဲလုပ်ပြီး ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။

၂၀၂၀ တုန်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်းလဲနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေ၊ လွှတ်တော်ကြားနာမှုတွေ၊ အစီရင်ခံစာတွေနဲ့ ၁၉ ၈၀ ပြည့်နှစ်တွေကတည်းက ပေးထားတဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး လုပ်ဆောင်ခဲ့ကြပါတယ်။

ဌာနေတိုင်းရင်းသားတွေကို အသိအမှတ်ပြုနိုင်ရေးအတွက် လုပ်ဆောင်ရာမှာ လူသိအများဆုံး ပုံစံနဲ့ ဆွေးနွေးမှုအများဆုံးတစ်ခုကတော့ ရင်ထဲကလာတဲ့ အူလူယူး ထုတ်ပြန်ကြေညာချက်

 ‘The Uluru Statement from the Heart’ ပဲ ဖြစ်ပါတယ်။ အဲဒီကြေညာချက်ဟာ သြစတြေးလျနိုင်ငံ တခွင်က အာဘော်ရီဂျင်နာနဲ့ တိုရီစြိတတ်အိုင်လန်ဒါ ကိုယ်စားလှယ်တွေ စုပေါင်းပြီး ၃ ရက်ကြာ ညီလာခံကို သြစတြေးလျတနှံတလွှားမှာ ၁၃ ကြိမ်ပြုလုပ်ပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ ရင်ထဲကလာတဲ့ကြေညာချက် ဖြစ်ပါတယ်။

အူလူယူးထုတ်ပြန်ကြေညာချက်အကြောင်း လူတွေသိနားလည်အောင် ကမ်ပိန်းတွေလုပ်နေတဲ့ From the Heart ရဲ့ ဒါရိုက်တာ Dean Parkin ရဲ့ အဆိုအရ သူတို့အနေနဲ့ လွှတ်တော်မှာ သူတို့ရဲ့ အသံတွေ ထုတ်ဖော်နိုင်ဖို့ အများပြည်သူရဲ့ ထောက်ခံချက်ရရှိအောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ကတော့ ၁၀၀% အူလူယူးကြေညာချက်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ အသံ၊ သဘောတူစာချုပ်၊ အမှန်တရား စတာတွေက ကျနော်တို့ရဲ့ အာဂျင်ဒါထဲပါဝင်ပါတယ်။  အသံလို့ဆိုရာမှာ လွှတ်တော်မှာ အာဘော်ရီဂျင်နာနဲ့ တိုရီစကြိတ်အိုင်လန်ဒါတွေကို ကိုယ်စားပြုပေးမယ့်သူ ရရှိဖို့ဖြစ်ပြီးလွှတ်တော်မှာ တင်ပြနိုင်ဖို့၊ သြစတြေးလျံရဲ့ ဒီမိုကရေစီကို ထဲထဲဝင်ဝင် ပြောဆိုနားလည်နိုင်ဖို့၊ သြစတြေးလျံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ အကာအကွယ်ရရှိဖို့ဖြစ်ပါတယ်။ အတိတ်တုန်းကလို လုပ်လိုက် ပျက်သွားလိုက် ဖြစ်တာမျိုးကို မလိုချင်တဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

 

‘Voice’ အသံ

ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ အသိအမှတ်ပြုဖို့အတွက် အဓိက လုပ်ဆောင်ချက်တစ်ခုထဲမှာ သူတို့တွေကို အသံပေးဖို့ ဖြစ်ပါတယ်။ သူတို့ လူမှုအသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေး ဆုံးဖြတ်ချက် ချတဲ့အခါမှာ သူတို့တွေလည်း ပါဝင်ပြီးဆုံးဖြတ်ချက် ချနိုင်ဖို့ ဖြစ်ပါတယ်။

တချို့လူတွေကတော့ အသံလို့ ဆိုရာမှာ လွှတ်တော်မှာ ကိုယ်စားပြုမယ့်အသံထက် အစိုးရမှာ သွားရောက် ကိုယ်စားပြုမယ့်သူကို ပိုပြီးလိုလားနေပါတယ်။ တက်လာတဲ့ အစိုးရကို ချဉ်းကပ်ပြီး အရေးဆိုဖို့ အကြံကို သြစတြေးလျံဌာနေတိုင်းရင်းသားရေးရာ ဝန်ကြီး Ken Wyatt က အကြံပြုထားတာ ဖြစ်ပါတယ်။

 

တကယ့်တကယ်မှာတော့ လွှတ်တော်မှာ ကိုယ်စားလှယ်ထားပြီး မိမိရဲ့ အသံကို ကြားရအောင် လုပ်ဆောင်ခြင်ဖြစ်ပေမယ့် အစိုးရဆီရောက်အောင် လုပ်တဲ့အသံကတော့ အာဏာရလာတဲ့ အစိုးရကို ချဉ်းကပ်တဲ့နည်းဖြစ်ပြီး တကယ်တော့ အာဏာရနေတဲ့ အစိုးရကသာလျင် ပိုလုပ်ပိုင်ခွင့်ရှိတာဖြစ်ပြီး သူတို့ကသာပေါ်လစီအပြောင်းအလဲတွေ၊ ဥပဒေမူကြမ်းတွေကို အဆိုတင်သွင်းတာမျိုးကို ကြိုးကိုင်လှုပ်ရှားနိုင်မယ့်အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီတော့ အစိုးရကသာလျင် ချဉ်းကပ်ပြောဆိုနားချရမယ့်လူ ဖြစ်ပါတယ်။ အစိုးရဆီ အသံရောက်သွားရင် လွတ်တော်ဆီလည်း ရောက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

 

ဒါပေမဲ့ Bundjalung နဲ့ Kungarakan လူမျိုးစု ဖြစ်သူ Dani Larkin ကတော့ Mr Wyatt အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲမှာ အသိအမှတ်ပြုနိုင်ဖို့အတွက် လွှတ်တော်တို့ အစိုးရတို့ကို ချဉ်းကပ်ဖို့ ပြောပေမယ့် အဲဒါတွေက စိတ်ပျက်စရာ ရလာဒ်တွေ ရနိုင်တယ်လို့ ထောက်ပြပါတယ်။  

 

လွှတ်တော်ဆီ အသံရောက်အောင် လုပ်ဆောင်ဖို့ကနေ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ အဲလိုလုပ်မှသာ မပျက်သွားအောင် ကာကွယ်ရာရောက်မယ်ဆိုပြီး ပြောဆိုတဲ့အပေါ် ထောက်ခံမှုတွေ အများကြီး ရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ရပ်ရဲ့အခြားတဖက်ဆိုတာလည်း ရှိပါတယ်။ အဲလို လုပ်ဆောင်ပြီး အောင်မြင်မှုမရရင် အတော့်ကို စိတ်ပျက်စရာ ဖြစ်သွားပါမယ် အထူးသဖြင့် အသိအမှတ်ပြုခံရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ကြတဲ့ လူကြီးသူမတွေ ဖြစ်တယ်လို့ ပြောပါတယ်။

သူမဆိုလိုတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲမှာ ဌာနေတိုင်းရင်းသားတေါ အသိအမှတ်ပြုခံရဖို့ဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြောင်းမှ ဖြစ်နိုင်မှာဖြစ်ပြီး ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပတဲ့အခါ ပြည်သူအများက မထောက်ခံရင် စိတ်ပျက်စရာဖြစ်မှာကို ပြောတာ ဖြစ်ပါတယ်။

 

‘Treaty’ သဘောတူညီချက် စာချုပ်

ဌာနေတိုင်းရင်းသားကို အသိအမှတ်ပြုကြောင်း တည်မြဲဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထည့်သွင်းဖို့ ကြိုးစားမှုတွေရှိသလို နောက်တစ်နည်းကတော့  'Treaty' ဆိုတဲ့ စာချုပ်ချုပ်ဆိုတဲ့နည်းကလည်း ဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။ စာချုပ်ဆိုတာ သြစတြေးလျ အစိုးရနဲ့ ဌာနေတိုင်းရင်းသားတွေအကြားတရားဝင် သဘောတူလက်မှတ်ရေးထိုးတဲ့ စာချုပ်ဖြစ်ပြီး စာချုပ်ထဲမှာ ဗြိတိသျှတွေ မတိုင်ခင် ဒီမြေယာတွေကို ဌာနေတိုင်းရင်းသား အာဘော်ရီဂျင်နာတွေနဲ့ တိုရီစတြိတ်အိုင်လန်ဒါတွေ ပိုင်ဆိုင်ပြီး နောက်ပိုင်းမှာ အသိမ်းခံလိုက်ရတဲ့အကြောင်း ထည့်သွင်းရေးသားဖို့ ဖြစ်ပါတယ်။ လူအများအပြားအတွက်ကတော့လွှတ်တော်ဆီအသံရောက်ရှိရေးအစား  နိုင်ငံအဆင့် သဘောတူညီချက် စာချုပ်ဖြစ်စေ၊ ပြည်နယ် ဒါမှမဟုတ် ဒေသဆိုင်ရာ သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုင်နိုင်ပါစေ ဒါကို အဓိကထား လုပ်ဆောင်သင့်ပြီး အဲလို လုပ်ထားနိုင်ရင် ဌာနေတိုင်းရင်းသားတွေရဲ့ အချုပ်အခြာအာဏာကို  အသိအမှတ်ပြုရာရောက်ပြီးအဲဒီကနေတဆင့် နယူးဇီလန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံက ဌာနေတိုင်းရင်းသားတွေကို လုပ်ပေးသလို ရင်ကြားစေ့ရေးတွေ၊ အမှန်တရားပြောဆိုမှု truth-telling တွေ ဖြစ်ပေါ်လာနိုင်မယ်လို့ ပြောပါတယ်။

 

အဲဒီလို အမြင်မတူမှုတွေကြောင့် ဌာနေတိုင်းရင်းသား ကိုယ်စားလှယ်တချို့ဟာ ၂၀၁၇ ခုနှစ် အူလူယူးညီလာခံကနေ ထွက်ခွာလာကြပြီး အဲဒီအထဲမှာ ဗစ်တိုးရီးယားပြည်နယ် ကိုယ်စားလှယ်လည်းဖြစ် အခု ဂရင်းပါတီရဲ့ လဗစ်တိုးရီးယားပြည်နယ် လွှတ်တော်အမတ်ဖြစ်သလို Gunnai နဲ့ Gunditjmara လူမျိုးစုအမျိုးသမီးတစ်ဦးဖြစ်သူ Lidia Thorpe လည်း ပါဝင်ပါတယ်။

နိုင်ငံအတွင်းက လူမျိုးစုတိုင်း ပါဝင်လာအောင် အရင်တိုင်ပင်ဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ယုံကြည်သူ ဖြစ်ပါတယ်။

 

သူတို့တွေ ဘာလိုချင်သလဲ၊ ဘာတွေ လိုအပ်သလဲဆိုတာကို သူတို့တွေကိုယ်တိုင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်ပါတယ်။ လူတွေနဲ့ လေးစားမှုရှိတဲ့ စကားဝိုင်းတွေမှာ ပြောဆိုဆွေးနွေးမှုလုပ်အောင် ဖိတ်ခေါ်ဖို့လိုအပ်တဲ့အကြောင်း၊ အောက်ခြေလူတန်းစားတွေကို ထိန်ချန်ပြီး တချို့လူတွေကိုသာရွေးချယ်ဖိတ်ခေါ်တာမျိုးမဟုတ်သင့်ဘူးလို့ ပြောပါတယ်။

အချုပ်အခြာအာဏာလို့ ပြောတဲ့အခါမှာ အောက်ခြေက အာဘော်ရီဂျင်နာနဲ့ တိုရီစြိတိတ်အိုင်လန်ဒါတွေ အဓိက လှုပ်ရှားမှုကနေ ဖြစ်လာတာလည်း ဖြစ်ပါတယ်။

 

တချို့ Aboriginal နဲ့ Torres Strait Islander လူငယ်အဖွဲ့အစည်းတွေကတော့ သဘောတူညီမှုစာချုပ်ချုပ်တဲ့နည်းကို ပိုသဘောကျပြီး ပြည်သူ့ဆန္ဒခံယူပွဲ ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ထည့်သွင်းစဉ်းစားတဲ့နည်းကို မလိုလားကြပါဘူး။ ကိုလိုနီရဲ့ တည်ဆောက်မှုပုံစံကို မကြိုက်ပါဘူးဆိုမှအဲဒီနည်းနဲ့ အသိအမှတ်ပြုခံရအောင် လုပ်ဆောင်မယ်ဆိုတဲ့နည်းကို သဘောမတွေ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အမြင်မှာတော့ ကိုလိုနီရဲ့ တရားရေးရာက ဌာနေတိုင်းရင်းသားတွေရဲ့ အချုပ်အခြာအာဏာနဲ့ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ အခွင့်အရေးကို ထိပါးတယ်လို့ မြင်နေကြတာ ဖြစ်ပါတယ်။

ဒီလူငယ် အဖွဲ့အစည်းတွေဟာ အင်တာနက်တွေ၊ ဆိုရှယ်မီဒီယာနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် လူတွေကို လှုံ့ဆော်ပြီး ဆန္ဒပြမှုမှာ ဦးဆောင်ပြီးတော့ အပြောင်းအလဲတွေ လုပ်ပေးဖို့ တောင်းဆိုနေကြတဲ့အတွက် နိုင်ငံရေးရဲ့ အနေအထားကို ပုံဖော်မှုတွေ ဖြစ်စေပါတယ်။

ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းအသိအမှတ်ပြုရေးကို ဆန့်ကျင်တဲ့ အဖွဲ့တစ်ခုကတော့

Warriors of the Aboriginal Resistance လို့ခေါ်တဲ့ WAR အဖွဲ့ ဖြစ်ပါတယ်။

 

အဲဒီအဖွဲ့က Boe Spearim ဟာ Gamilaraay, Kooma and Muruwari မျိုးနွယ်စုကဖြစ်ပြီး သူ့အနေနဲ့ “top-down approach” ကို မကြိုက်ဘူးလို့ ပြောပါတယ်။

 

အသိအမှတ်ပြုပြီဆိုရင်တောင် ဘယ်အတိုင်းအတာ၊ ဘယ်နည်းကိုကြည့်ပြီး အောင်မြင်ပြိလို့ ပြောနိုင်သလဲ ဆိုတာကိုလည်း ငြင်းခုန်လေ့ရှိကြပါတယ်။

ဌာနေတိုင်းရင်းသားအရေး လှုပ်ရှားသူလည်းဖြစ်၊ ရှေ့နေ့တစ်ဦးလည်းဖြစ်သလို Aboriginal Land Council of Tasmania ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ Palawa လူမျိုး Michael Mansell ကတော့ အဓိပ္ပာယ်ပြည့်ဝပြီး မှတ်မှတ်ရရဖြစ်စေမယ့် အသိအမှတ်ဖြစ်ဖို့ဆိုတာ အာဘော်ရီဂျင်နာလူမျိုးတွေအပေါ်မှာသာမူတည်တယ်လို့ ပြောပါတယ်။

 

မှတ်မှတ်ရရဖြစ်စေတဲ့ အသိအမှတ်ပြုမှုဆိုတာ ၂၀၀၇ ခုနှစ်တုန်းက ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ကနေ stolen generation တွေကို အရင် အစိုးရတွေကိုယ်စား တောင်းပန်စကားပြောဆိုခဲ့တာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

အဓိပ္ပာယ်ပြည့်ဝတဲ့ အသိအမှတ်ပြုမှုရရှိဖို့ လုပ်ဆောင်ရာမှာ ရှုတ်ထွေးစရာမလိုအပ်ပါဘူး။ အကယ်၍ သဘောတူညီမှုစာချုပ်ကို လွှတ်တော်မှာ တင်ပြနိုင်ပါတယ်။ လွှတ်တော်ကနေ အာဘော်ရီဂျင်နာကို ကိုယ်စားပြုတဲ့အဖွဲ့တစ်ခုဖွဲ့ပြီး အဲဒီအဖွဲ့ကနေ အာဘော်ရီဂျင်နာလူမျိုးတွေ လိုအပ်တာတွေကိုချမှတ်လုပ်ဆောင်ပေးတာမျိုး လုပ်နိုင်တယ်လို့ ပြောပါတယ်။

 

ဒုတိယအနေနဲ့ လွှတ်တော်အနေနဲ့သဘောတူစာချုပ် ချုပ်ဆိုရေး ကော်မရှင်တစ်ရပ် ချသင့်ပါတယ်။ အဲဒီကော်မရှင်ကနေ သဘောတူညီချက် မူကြမ်းတွေ ရေးဆွဲတာမျိုးလုပ်နိုင်ပါတယ်။ အဲဒီအချက်နှစ်ချက်ကို လုပ်နိုင်မယ်ဆိုရင်တော့ အာဘော်ရီဂျင်နာလူမျိုးတွေအတွက် အများကြီး ကောင်းမွန်တဲ့ အပြောင်းအလဲတေါဖြစ်စေမယ်လို့ ပြောပါတယ်။

 

ဖက်ဒရယ်အစိုးရကတော့ အာဘော်ရီဂျင်နာလူမျိုးတွေရဲ့ အသံ သို့ ကိုယ်စားလှယ်ရရှိရေးအတွက် အကြံပေးအဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းပြီး အဲဒီအဖွဲ့တွေဟာ ဆီနီယာအဆင့်၊ နိုင်ငံတော်အဆင့်၊ ဒေသအဆင့် နဲ့ ဒေသနာ္တရအဆင့်မှာ အလုပ်လုပ်ကိုင်နေကြပါတယ်။

 

Kungarakan နဲ့ Iwaidja လူမျိုးစုဝင်တစ်ဦးဖြစ်သူ ပါမောက္ခ  Tom Calma iဟာ အစိုးရရဲ့  Voice Co-Design Senior Advisory Group ရဲ့ ဒုအရာရှိချုပ် ဖြစ်ပါတယ်။

သူတို့တွေရဲ့ အလုပ်က ဘယ်လို ဘယ်ပုံနဲ့ လုပ်သင့်သလဲဆိုတာကို အစိုးရကို တင်ပြဖို့ဖြစ်ပြီး အစိုးရကနေ ဘယ်လိုပုံစံနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အသံကြားရအောင် လုပ်နိုင်မလဲဆိုတာကို ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။

 

အဲဒီအဖွဲ့မှာ သဘောတူညီချက်စာချုပ် အပိုင်းကို ကြည့်ရှုတဲ့လူတွေလည်း ရှိပေမယ့် သူတို့အနေနဲ့ အဓိကတော့ စာချုပ်အပိုင်းမဟတ်ုပဲ လွှတ်တော်မှာ အသံ၊ အရေးဆိုနိုင်ရေးသာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလောလောဆယ် အစိုးရကို အစီရင်ခံစာပေးပို့ထားပြီ ဖြစ်တဲ့အတွက် အစိုးရက အဲဒီ အစီရင်ခံစာကို ဝန်ကြီးများအဖွဲ့က လက်ခံစဉ်းစားဖို့ အစိုးရက လုပ်ဆောင်မှာဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင်မှာ စတင်တိုင်ပင်ဆွေးနွေးမှု လုပ်ဖို့ စီစဉ်နေပါတယ်။

ဒီလို ချဥည်းကပ်မှုပုံစံကို မကြိုက်တဲ့လူတွေလည်း ရှိနေတဲ့အပေါ် ပါမောက္ခ Calma ကတော့ အာဘော်ရီဂျင်နာ လူမျိုးတွေအနေနဲ့ သူတို့ရှေ့မှာ ရှိတဲ့အခွင့်အရေးကို ရယူသင့်တယ်လို့ ပြောပါတယ်။

ကျနော်တို့ လုပ်သင့်တာကတော့ ဟိုနား ဒီနားကြည့်ပြီး လုပ်ဆောင်ရမှာပါ။ ကျနော်တို့ ဘာတွေ ရယူနိုင်မလဲ၊ အာဘော်ရီဂျင်နာနဲ့ တိုရီစတြိတ်အိုင်လန်ဒါ လူမျိုးတွေရဲ့ သမာဓိကို မထိခိုက်ပဲ ဘယ်လိုနည်းနဲ့ ရယူနိုင်မလဲ ဆိုတာကို စဉ်းစားပြီး လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

 

အခုလောလောဆယ် ဝန်ကြီးချုပ်ကနေ ဌာနေတိုင်းရင်းသားရေးရာ ဝန်ကြီးချုပ်ကို ထောက်ပံ့ကူညီမှုလုပ်နေတဲ့ ဝန်ကြီးချုပ်မျိုးကို ရရှိထားပါတယ်။ လွှတ်တော်မှာ အသံထွက်နိုင်ဖို့၊ အစိုးရဆီမှာ အရေးဆိုနိုင်ရေးဖြစ်ပါတယ်။ အဲဒီလို အခွင့်အရေးမျိုးကို ရယူရမှာဖြစ်ပြီး လသာတုန်း ဗိုင်းငင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now