ရန်ကုန်မြို့မှာ တီဘီရောဂါ အဖြစ်များနေပြီး အမြန်ထိန်းချုပ်ဖို့လို။

A nurse prepares an injection to administer to a tuberculosis patient. A US study says about a million children, double the previous estimate, fall ill with TB every year. (AAP)

A nurse prepares an injection to administer to a tuberculosis patient. A US study says about a million children, double the previous estimate, fall ill with TB every year. (AAP)

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ လူဦးရေထူထပ်မှု၊ ဆင်းရဲနွမ်းပါးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ယိုယွင်းလာမှုတို့ကြောင့် တီဘီ (Tuberculosis - TB) ရောဂါကူးစက်မှုနှုန်း စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။


COVID-19 ကပ်ရောဂါကာလအတွင်း ရောဂါရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတဲ့အပြင်၊ အာဏာသိမ်းလိုက်တာကြောင့် လူနေမှုအဆင့်အတန်းကျဆင်းလာမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီနိုင်မှု ခက်ခဲလာခြင်းတို့ဟာ တီဘီရောဂါပြန့်ပွားမှုကို အရှိန်မြှင့်ပေးနေသလို ဖြစ်နေပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံဟာ တီဘီရောဂါကင်းစင်တော့မယ့် ကမ္ဘာ့နိုင်ငံအနည်းငယ်ထဲက ၁ နိုင်ငံဖြစ်ခဲ့တာပါ။

ဒါပေမယ့် ကိုဗစ် 19 နဲ့ အာဏာသိမ်းပြီးနောက် လက်ရှိအခြေအနေမှာ “တီဘီရောဂါပြန့်ပွားမှု အဆိုးဆုံး ၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရပ်တည်နေတယ်” လို့ WHO ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now