အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေမရှိသလောက်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းကို ပြီးခဲ့တဲ့ တစ်လကျော်အတွင်း စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အားတွေကို တိုးချဲ့လာခဲ့ပါတယ်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာလည်း ရေတပ်အင်အားကို တိုးချဲ့ခဲ့သလို ရေငုပ်သင်္ဘော၊ စစ်သင်္ဘောတွေကို တပ်သားတွေနဲ့ တကွ ပို့ဆောင်လာခဲ့ပါတယ်။
ဒီလိုစစ်အင်အားကို တိုးချဲ့လာတဲ့အပြင် မြို့အချင်းချင်းဆက်သွယ်ရာလမ်းတွေမှာ ဂိတ်ချ စစ်ဆေးတာ၊ အရပ်သားပြည်သူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ပါတယ်။
Share






