Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဆောင်သင့် ရှောင်သင့်တဲ့ ဩစတြေးလျနိုင်ငံရဲ့ လူမှုထုံးတမ်းများ

People are seen exercising and socialising at Albert Park Lake in Melbourne, 19 September 2021.
Victoria will emerge from its sixth lockdown on Friday. Source: AAP

ယဥ်ကျေးမှုထုံးတမ်းတွေဟာ လူမှုအသိုင်းအဝိုင်းတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုမှာ ယဥ်ကျေးတဲ့အမှုအကျင့်လို့ လက်ခံထားတဲ့အရာတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဩစတြေးလျရဲ့ ယဥ်ကျေးမှု ထုံးတမ်းတွေကဘာလဲ ဘာတွေဆောင်ပြီး ဘာတွေရှောင်သင့်သလဲလို့ ရေးထားတဲ့ Claudianna Blanco ရဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


Published

Updated

By Claudianna Blanco, Mu Laing Thein

Source: SBS


Share this with family and friends


ယဥ်ကျေးမှုထုံးတမ်းတွေဟာ လူမှုအသိုင်းအဝိုင်းတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုမှာ ယဥ်ကျေးတဲ့အမှုအကျင့်လို့ လက်ခံထားတဲ့အရာတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဩစတြေးလျရဲ့ ယဥ်ကျေးမှု ထုံးတမ်းတွေကဘာလဲ ဘာတွေဆောင်ပြီး ဘာတွေရှောင်သင့်သလဲလို့ ရေးထားတဲ့ Claudianna Blanco ရဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


ဩစတြေးလျနိုင်ငံဟာ ကမ္ဘာမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဥ်ကျေးမှုပေါင်းစုံ အများဆုံး စုစည်းနေထိုင်ကြတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် မတူညီမှုတွေကနေတဆင့် ဩစတြေးလျမှာ တမူထူးခြားတဲ့ ရိုးရာယဥ်ကျေးမှုတွေ ထုံးတမ်းအစဥ်အလာတွေရှိပါတယ်။

တခါတလေ ဩစတြေးလျက ကောင်းမွန် ယဥ်ကျေးတယ်လို့ ယူဆတဲ့ ယဥ်ကျေးမှုထမ်းတမ်းဟာ ကောင်းချင်မှကောင်းမှာဖြစ်ပါတယ်။ အဲဒီလို ယဥ်ကျေးမှု ထုံးတမ်းတွေအတွက် စည်းမျဥ်းစည်းကမ်းတွေ ဥပေဒတွေနဲ့ ရေးထားတာ မရှိပါဘူး။

ပြည်ပကနေ ဩစတြေးလျနိုင်ငံကို အခြေချနေထိုင်တဲ့လူတွေအဖို့ ဘာသာစကား အခက်အခဲတွေကြောင့် ဩစတြေးလျရဲ့ လူမှုရေးနဲ့ ပရော်ဖက်ရှင်နာ လောကထဲကို ဝင်လာရာမှာ စိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။ အဲဒီတော့ လူတွေ လက်ခံနိုင်မယ့် ပုံစံမျိုး နေထိုင်သွားဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

ဝတ်စားဆင်ယင်ပုံနဲ့ အမူအကျင့်တွေ၊ စားသောက်ပုံတွေနဲ့ ဆက်ဆံပြောဆိုမှုတွေ ပါဝင်ပါတယ်။ ဆက်သွယ်ရေးလို့ဆိုရာမှာ တခြားလူနဲ့ ကောင်းမွန်စွာ စကားစမြည်ပြောဆိုတတ်ခြင်းက အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်၊ အဲဒီတော့ မိမိကသာ အင်္ဂလိပ်စကား မပြောတတ်ဘူးဆိုရင် ကောင်းမွန်စွာ စကားစမြည်ပြောပြီး ဆက်သွယ်ရေးလုပ်ဖို့ဆိုတာ ခက်ခဲမှာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

စရောက်ခါစ လူတွေအတွက် ဩစတြေးလျက လက်ခံတဲ့ ဒါမှမဟုတ် လက်မခံတဲ့ ယဥ်ကျေးမှုထုံးတမ်းတွေက ဘာလဲဆိုတာ ချက်ခြင်းသိဖို့ ခက်ခဲမှာဖြစ်ပေမယ့် မေးခွန်းမေးရာမှာ မသင့်တော်တာကို ရှောင်ရှားပြီး သင့်တော်ရာကို မေးမြန်းမှု လုပ်ရာကနေ စတင်နိုင်တယ်လို့Amanda King က ရှင်းပြပါတယ်။

သက်တောင့်သက်သာ မရှိနိုင်တဲ့ မေးခွန်းတွေက ကိုယ်ရေးကိုယ်တာ ဆန်တဲ့ မေးခွန်းမျိုးဖြစ်လို့ အဲလို မေးခွန်းမျိုးကို ရှောင်ရှားဖို့ ကျမတို့ ပြောဆိုလေ့ရှိပါတယ်။ ကျမတို့ သိခါစ လူတွေကို အိမ်ထောင်ရေးအကြောင်း၊ ငွေရေးကြေးရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးအကြောင်းတွေကို မေးမြန်းဖို့ မသင့်တော်ပါဘူး။

လူဆိုတာ မိမိ ဆက်စပ်လို့ရတဲ့ လူနဲ့ပေါင်းလိုတဲ့အတွက် နှစ်ဦးနှစ်ဖက် သိနားလည်နိုင်မယ့် အကြောင်းအရာမျိုးကို ပြောဆိုမှု လုပ်သင့်ပါတယ်။ အဲဒီတော့ အဖြေရကြပ်နိုင်တဲ့ကိုယ်ရေးကိုယ်တာ မေးခွန်းအစား ခေါင်းစဥ်တစ်ခု အကြောင်းအရာတစ်ခုခုအကြောင်း ပြောဆိုတာမျိုး လုပ်နိုင်တယ်လို့ သူက အကြံပြုထားပါတယ်။

အပြည့်အစုံကို နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now