ဂျင်းဘောင်းဘီ၊ စမတ်နာရီ စတဲ့ အသုံးအဆောင်တွေကို ဝယ်ယူဖို့ ထွေထွေထူးထူး လက်မှတ်ရေးထိုး နေစရာ မလိုပဲ ဒုတိယအပတ်စဉ်တိုင်း ဒါမှမဟုတ် လစဉ် ပေးသွားနိုင်တဲ့ အတိုးမဲ့ ဝန်ဆောင်မှုတွေက ခေတ်စားလာနေပါတယ်။
ဩစတြေးလျံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ အဆိုအရ ဒီလို ဝန်ဆောင်မှု အသုံးပြုမှုတွေဟာ ၂၀၁၈ - ၂၀၁၉ နှစ်မှာ ၅.၆ ဘီလီယံအထိ မြှင့်တက်လာခဲ့ပြီး လူဦးရေ ၂၅ သန်းသာ ရှိတဲ့ နိုင်ငံမှာ ဒီလိုအကောင့် ဖွင့်ပြီး လက်ရှိသုံးနေသူတွေဟာ ၆ သန်းကျော် ရှိနေပါတယ်။
ငွေကြေးဆိုင်ရာ တိုင်ပင်ခံ ဩစတြေးလျ Financial Counselling Australia ရဲ့ အမှုဆောင် အရာရှိချူပ်ဖြစ်တဲ့ Fiona Guthrie ဟာ အဆိုပါဝန်ဆောင်မှုတွေအတွက် ထိန်းချူပ်မှုတွေလုပ်ဖို့ ဆော်ဩနေသူတစ်ယောက် ဖြစ်ပါတယ်။
အပြည့်အစုံကို နားဆင်နိုင်ပါပြီ။




