ဒါပေမယ့် NCA ရဲ့ ၁၀ နှစ်ပြည့်ဟာ ငြိမ်းချမ်းရေးရလဒ်တွေနဲ့ ခမ်းနားသင့်နေပေမယ့်လည်း မြန်မာ နိုင်ငံရဲ့ လက်ရှိအခြေအနေမှာတော့ တစ်နိုင်ငံလုံးစစ်မြေပြင် ဖြစ်နေသလို ပြည်သူသန်းနဲ့ချီ စစ်ဘေး ဒုက္ခအတိရောက်နေတာ အခြေအနေတခုသာ ဖြစ်နေပါတယ်။
စာချုပ်ပါ အနှစ်သာရတွေ ပျက်စီးနေတာကြောင့် အဆိုပါအခမ်းအနားဟာ "အလောင်းကို မှန်ခေါင်းသွင်းကာ အသက်ရှင်နေဟန် ပြသခြင်း" သာဖြစ်ကြောင်း ဝေဖန်သံတွေ မြင့်တက်နေပါတယ်။