မကြာသေးမီက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဟာ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တာတွဟာ ပြည်သူတွေရဲ့ လက်ရှိတော်လှန်ရေးအပေါ်၊ စိုးရိမ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။
လက်ရှိမှာလည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အနေနဲ့ အပစ်အခတ် ရပ်စဲရေး လာနိုင်လား ဆိုတာဟာ ပြည်သူတွေ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အခြေအနေတစ်ရပ် ဖြစ်နေပါတယ်။




