SKIP TO MAIN CONTENT

စလော့ ဂိမ်းရဲ့ သားကောင်များ

Fruit machine bars spinning to line of 7's, close-up (blurred motion)
Credit: Harrison Eastwood/Getty Images

အွန်လိုင်းစလော့ဂိမ်းတွေဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ - ၂၀၁၈ ခုနှစ် ဝန်းကျင်မှာ ကာစီနိုဝက်ဆိုက်တွေရဲ့ အခွဲအနေဖြင့် စတင်ဝင်ရောက်ခဲ့တာလို့ မှန်းဆရပါတယ်။ ဒါပေမယ့် အဲ့ဒီချိန်က အင်တာနက်အသုံးပြုမှုတွေနဲ့ အွန်လိုင်းငွေပေးချေမှုစနစ် (Mobile Banking) တွေဟာ အခုလောက် မတွင်ကျယ်သေးပါဘူး။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွေမှာ ရောဂါအန္တရာယ်ကြောင့် လူတွေအပြင်မထွက်ရဘဲ အိမ်ထဲမှာသာနေရတာ နဲ့၊ အလုပ်အကိုင်တွေ ရပ်နားထားခံရတာတွေဟာ စလော့ဂိမ်းတွေအတွက် အခွင့်ကောင်း ဖြစ်လာခဲ့ပါတယ်။

Published

Updated

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS

Skip to podcast episode content

အွန်လိုင်းစလော့ဂိမ်းတွေဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ - ၂၀၁၈ ခုနှစ် ဝန်းကျင်မှာ ကာစီနိုဝက်ဆိုက်တွေရဲ့ အခွဲအနေဖြင့် စတင်ဝင်ရောက်ခဲ့တာလို့ မှန်းဆရပါတယ်။ ဒါပေမယ့် အဲ့ဒီချိန်က အင်တာနက်အသုံးပြုမှုတွေနဲ့ အွန်လိုင်းငွေပေးချေမှုစနစ် (Mobile Banking) တွေဟာ အခုလောက် မတွင်ကျယ်သေးပါဘူး။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွေမှာ ရောဂါအန္တရာယ်ကြောင့် လူတွေအပြင်မထွက်ရဘဲ အိမ်ထဲမှာသာနေရတာ နဲ့၊ အလုပ်အကိုင်တွေ ရပ်နားထားခံရတာတွေဟာ စလော့ဂိမ်းတွေအတွက် အခွင့်ကောင်း ဖြစ်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲနှင့်အတူ တရားဥပဒေစိုးမိုးမှု အားနည်းလာတာတွေကြောင့်ရယ် ငွေကြေးဖောင်းပွမှုတွေ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာတွေက လည်း လူထုကို "လွယ်လွယ်နှင့် ငွေရမယ်လမ်း" ဆီသို့ တွန်းပို့ခဲ့ပါတယ်။

ဒီကနေ့ ၂၀၂၆ ခုနှစ် မှာတော့ စလော့ဂိမ်းတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးကို ကင်ဆာဆဲလ်တစ်ခုပုံစံပျံ့နှံ့ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

စလော့ဂိမ်းတွေကြောင့် လူငယ်တွေကိုယ့်ကိုယ်သတ်သေတာ ၊အကြွေးတွေကြောင့် တခြားနိုင်ငံတွေကို ထွက်ပြေးတာ၊စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကိုပါ ဝင်ရောက်ကုန်ကြတာတွေ့ရပါတယ်။

ရန်ကုန်မြို့သာကေတမှာ အငှားကား မောင်းနေတဲ့ အသက် ၃၀ အရွယ်အမျိုးသားတဦးကတော့ သူစလော့ဂိမ်းစဆော့ဖြစ်ပုံနဲ့ပတ်သက်ပြီးအခုလိုပြောပြပါတယ်။

သူ့အနေနဲ့သောင်းချီ ဂဏာန်းလောက်သာ ငွေကြေးဆုံးရှုံးဖူးပေမယ့် သူငယ်ချင်းတွေကတော့ တညကို သိန်း ဆယ်နဲ့ချီအထိ ရှုံးကြတယ်လို့သူကဆိုပါတယ်။

စလော့ အကြွေးတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီ ၃၁ ရက်နေ့တုန်းက သာကေတမှာနေထိုင်တဲ့ အသက် ၃၀ အရွယ်ရှိတဲ့ အမျိုးသားတယောက် ဟာ အကြွေးတင်ပြီး မဆပ်နိုင်တော့တဲ့အဆုံး ကိုယ့်ကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။

ဒီလိုပဲနေ့စဥ် လူငယ်လူရွယ်တွေဟာ စလော့ဂိမ်းကြောင့် အသက်ဆုံးရှုံးရတာ အပြင် အကြွေးတွေကြောင့် အိမ်ထောင်ရေးအဆင်မပြေတာ ၊သားသမီးတွေနဲ့ ခွဲခွာနေရတာတွေကြုံတွေ့ခံစားနေကြရပါတယ်။

ရန်ကုန်မြို့သန်လျှင်မှာနေထိုင်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးဦးကလည်း စလော့းဂိမ်းကြောင့် အကြွေးနွံထဲနစ်နေပြီး ဒီထဲကရုန်းထွက်လို့ကြိုးစားနေပါတယ်။

နားဆင်နိုင်ပါပြီ။

Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now